3 ပတ် - ဘာသာပြန်ပါ။

ဝေးလ်နှင့် ခြေစမ်းပွဲအား အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း လွဲချော်မည်

အောက်တိုဘာ ၉

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ အသေးစားခြေကျင်းဝတ်ဒဏ်ရာကြောင့် ယနေ့ည ဝေးလ်နှင့် ကစားမယ့်‌ ခြေစမ်းပွဲစဉ်အား လွဲချော်လာပါမယ်။

အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူးဟာ စနေနေ့တုန်းက ဖရန့်ဖတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် အင်္ဂလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဟယ်ရီကိန်းဟာ လာမယ့် အင်္ဂါနေ့ လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပါဝင်လာနိုင်မယ်လို့ ယူဆရပါတယ်။

သောမတ်စ်တူချယ်က ဟယ်ရီကိန်း မပါဝင်နိုင်မှုနှင့်အတူ ယနေ့ည ဝေးလ်နှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ဂျော်ဒန်ဟင်ဒါဆင်၊ ဂျွန်စတုန်း (သို့မဟုတ်) ဒီကလန်ရိုက်တို့ထဲမှ တစ်ဦးက တာဝန်ယူလာမယ်လို့ အတည်ပြုသွားပါတယ်။

အင်္ဂလန်ဟာ ဝေးလ်နှင့် နောက်ဆုံးအကြိမ်တွေ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဝေးလ်နှင့် ပွဲစဉ်မှာ ခြေစမ်းပွဲ ဖြစ်နေရာ ဟယ်ရီကိန်း မပါဝင်နိုင်မှုက သောမတ်စ်တူချယ်အတွက် ပြဿနာတစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး။

ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် ၁၀၉ ပွဲကစားထားရာမှာ ၇၄ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်ပြီး ကျန် အင်္ဂလန်တစ်သင်းလုံးရဲ့ သွင်းဂိုးက ၅၃ ဂိုးတည်းသာ ရှိပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်အတွက် ပထမဆုံးပွဲ ကစားပြီးနောက် အင်္ဂလန်ရဲ့ သွင်းဂိုး ၂၆.၄ ရာခိုင်နှုန်းအား သွင်းယူထားသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image