မဲဆောက်တွင် တရားမဝင် ဈေးရောင်းသည့်  မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ 
 
အောက်တိုဘာ ၉ 
 
ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ဈေးရောင်းချသည့် မြန်မာနိုင်ငံသား (၇) ဦးအား ဖမ်းဆီးခဲ့ကြောင်း တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ 
 
ယင်းထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၇ ရက် နံနက် ၁၁ နာရီအချိန်က မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအတွင်း မြန်မာနိုင်ငံသားများ ဈေးရောင်းချနေကြောင်း ဒေသခံများက တိုင်ကြားသောကြောင့် ထိုင်းနိုင်ငံ လဝကနှင့် ပူးပေါင်းအဖွဲ့များက  ဝင်ရောက်စစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။ 
 
ယခုအခါ အဆိုပါ အဖမ်းခံရသူများ မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ လဝက ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
Photo - Tak Immigration 
 
Credit - Myanmar Transparency News Agency 
 
#centralnewsnaypyitaw


 +8
                  +8
               
 
		 





 
          
        
         
		 
		 
		 
                