3 ပတ် - ဘာသာပြန်ပါ။

“စိတ်ရောဂါများကို self-care ဖြင့်ကာကွယ်ပါ”
‘ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်’ ဆိုတဲ့ စကားအတိုင်း စိတ်ရောဂါတွေကို မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားတာက စိတ်ရောဂါနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို တားဆီးနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိတ်ရောဂါတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဖြစ်တဲ့ self-care အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။
Self-care ဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ကို အချိန်တခု သီးသန့်ပေးပြီး ဂရုစိုက်ခြင်း ဖြစ်ပါတယ်။ Self-care ပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့အပြင် စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်သလို စိိတ်ခံစားချက်ကို ကောင်းစေတာကြောင့် နောက်ဆက်တွဲ စိတ်ရောဂါတွေကို ကြိုတင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ တနေ့တာ self-care အတွက် ဘာတွေ ပြုလုပ်ပေးနိုင်လဲ?
(၁) စိတ်တည်ငြိမ်အောင် လေ့ကျင့်ခြင်း
တရားထိုင်ခြင်း၊ အသက်ရှုခြင်း၊ Mindfulness ပြုလုပ်ခြင်းနဲ့ အကြောလျှော့ခြင်း စတာတွေဟာ စိတ်ကို တည်ငြိမ်စေတဲ့ အကောင်းဆုံး Self-care နည်းလမ်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်တွေ ပြင်းထန်နေချိန်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ မွန်းကြပ်နေချိန် ၊ စိတ်ပူပန် စိုးရိမ်မှုတွေ ခံစားနေရချိန်မှာ စိတ်ကိုတည်ငြိမ်စေမယ့် Self-care နည်းလမ်းတွေ ပြုလုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုမဆိုးလာအောင် ထိန်းထားပေးမှာ ဖြစ်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း
စိတ်နဲ့ ခန္ဓာကိုယ်ဟာ ဆက်စပ်နေသလို တခါတရံမှာ စိတ်ခံစားချက်တွေကို ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ ပြန်လည် ကုစားရတာလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှား ပုံမှန် ပြုလုပ်ခြင်းက ခန္ဓာကိုယ်မှာ ရှိတဲ့ ဟော်မုန်းတွေရဲ့ ပမာဏကို မျှတစေတာကြောင့် စိတ်ခံစားချက်တွေကိုပါ သက်သာလျော့ပါးစေနိုင်မှာ ဖြစ်ပါတယ်။ တနေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာကလည်း စိတ်ရော ကိုယ်ပါ ထိရောက်စေတဲ့ Self-care နည်းလမ်း တခု ဖြစ်ပါတယ်။
(၃) အစားအသောက် သင့်တင့်မျှတစွာ စားသုံးခြင်း
Self-care လို့ပြောလိုက်ရင် နေ့စဥ်စားတဲ့ အစားအသောက်ကိုလည်း မေ့ထားလို့ မရပါဘူး။ တနေ့တာမှာ အာဟာရ လုံလောက်မျှတဖို့သလို ဗီတာမင်၊ ကစီဓါတ်၊ အသားဓါတ် စတာတွေ လုံလောက်ပါဝင်ခြင်းက စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ စိတ်ခံစားချက်ကြောင့် အစာကို အများကြီးစားတာ၊ အစာကို လုံးဝ မစားတာ၊ အချိန်မှန် အစာမစားတာ စတဲ့ အပြုအမူတွေကိုလည်း အထူးရှောင်ရမှာ ဖြစ်ပါတယ်။
(၄) ဝါသနာအတွက် အချိန်ပေးခြင်း
Self-care ပြုလုပ်တဲ့အခါမှာ တဦးနဲ့တဦး မတူကွဲပြားနိုင်သလို ကိုယ်နှစ်သက်တဲ့ နည်းလမ်းကို ရွေးချယ် ပြုလုပ်နိုင်ပါတယ်။ တချို့ကလည်း ကိုယ်ဝါသနာပါရာအတွက် အချိန်ပေးပြီး ပြုလုပ်ခြင်းအားဖြင့် စိတ်ခံစားချက်တွေကို သိသိသာသာ ကောင်းမွန်စေနိုင်မှာ ဖြစ်ပါတယ်။ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ကခုန်တာ၊ သိုးမွှေးထိုးတာ ၊ စာဖတ်တာ၊ စာရေးတာတွေ ပြုလုပ်ခြင်းအားဖြင့်လည်း Self-care ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၅) အိပ်စက်ချိန် လုံလောက်စွာ ထားရှိခြင်း
တနေ့တာမှာ လုံလောက်တဲ့ အိပ်ချိန်ထားရှိခြင်းက မရှိမဖြစ် လိုအပ်တဲ့ Self-care တခု ဖြစ်ပါတယ်။
အနည်းဆုံး တနေ့ကို ၇ နာရီ အိပ်စက်ဖို့ လိုအပ်သလို နှစ်ခြိုက်စွာ အိပ်ပျော်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် အိပ်စက်ခါနီး ဖုန်း၊ ကွန်ပြူတာ အသုံးပြုတာတွေ၊ ညှဥ့်နက်တဲ့အထိ မအိပ်ပဲ အလုပ်လုပ်တာတွေ၊ အိပ်ရာထဲအထိ အစားအသောက် စားတာတွေဟာ အိပ်စက်ချိန်ကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။
Self-care ပြုလုပ်ခြင်းက ရိုးရှင်းပေမယ့် စိတ်ကျန်းမာရေးအတွက် သိသာတဲ့ ကောင်းကျိုးတွေကို ပေးနိုင်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် အားနည်းနေချိန် ၊ စိတ်ခံစားချက်တွေ မူမမှန် ဖြစ်နေချိန်မှာ self-care ပြုလုပ်ခြင်း အားဖြင့် အခြေအနေကို ပိုမဆိုးအောင် ထိန်းထားပေးနိုင်မှာ ဖြစ်တာကြောင့် self-care ကို နေ့စဥ်ပုံမှန် လုပ်သင့်ကြောင်း မျှဝေလိုက်ရပါတယ်။ သင်ရော တနေ့တာမှာ self-care အတွက်် အချိန်ဘယ်လောက် ပေးဖြစ်နေလဲ? Self-care အတွက် ဘာတွေ လက်ရှိလုပ်ဖြစ်နေလဲ ဆိုတာ comment မှာ မျှဝေပေးပါဦးနော်…

#စိတ်ရောဂါများကိုself-careဖြင့်ကာကွယ်ပါ

image