3 ပတ် - ဘာသာပြန်ပါ။

ရုပ်ရှင်ကားသစ်အတွက် သက်ရှိသတ္တဝါကြီးအဖြစ် အသွင်ပြောင်းဖို့ နေ့တိုင်း ၁၀ နာရီကြာအောင် အချိန်ယူခဲ့ရတဲ့ မင်းသားဂျက်ကော့ အဲလော်ဒီ
Kissing Booth ဇာတ်ကားနဲ့ လူအများသိကြတဲ့ မင်းသားဂျက်ကော့ အဲလော်ဒီဟာ ဒါရိုက်တာ Guillermo del Toro ရဲ့ Frankenstein ရုပ်ရှင်ကားမှာ သက်ရှိသတ္တဝါကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူက အဲ့ဒီသတ္တဝါကြီးအဖြစ် အသွင်ပြောင်းဖို့ နေ့တိုင်း ၁၀ နာရီကြာအောင် မိတ်ကပ်အလိမ်းခံခဲ့ရတာပါ။ ဒီအကြောင်းကို အောက်တိုဘာ ၆ ရက်နေ့က ပြုလုပ်တဲ့ ရုပ်ရှင်အထူးပြပွဲမှာ ဒါရိုက်တာကြီးက ပြောပြသွားခဲ့တာပါ။
ဂျက်ကော့က နေ့တိုင်း ၁၀ ကြာအောင် အချိန်ယူခဲ့ရတယ်။ သတ္တဝါကြီးအသွင်ပြင်ဆင်လို့ပြီးမှ သူ အလုပ်စလုပ်ရတယ်။ ဒါကို စိတ်ရှည်စွာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
သူနဲ့အတူ သိပ္ပံပညာရှင် Victor Frankenstein အဖြစ် ပါဝင်ထားတဲ့ မင်းသားကြီး အော်စကာ အီစကာကလည်း ဂျက်ကော့က အရမ်းအားစိုက်တယ်၊ ဘယ်တော့မှ မညည်းညူးဘူး။ နေ့တိုင်း မိတ်ကပ်ကို ၁၀ နာရီကြာအောင် လိမ်းခဲ့ရတယ်လို့ ပြောပါတယ်။
ဂျက်ကော့က မင်းသားအန်ဒရူးဂါဖီးဒ် အချိန်ဇယားတွေပြည့်ပြီး မအားတာကြောင့် ဒီဇာတ်ကောင်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်မှာ ပါဝင်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ကားကို အောက်တိုဘာ ၃၀ ရက်နေ့က 82nd Venice International Film Festival မှာ ပြသခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ကျရင်တော့ ရုံတင်ပြသမှာဖြစ်ပြီး Netflix ကနေဆိုရင်တော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
Ref: Jacob Elordi spent 10 hours doing makeup every day to transform into Frankenstein's Monster

image