ပထမဆုံးဘီလျှံနာဘောလုံးသမားဖြစ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

အောက်တိုဘာ ၉

ခရစ္စတီယာနိုရော်နယ်ဒိုဟာ‌ ဘောလုံးသမိုင်းမှာ ပထမဆုံးဘီလျှံနာဘောလုံးသမား ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

The Bloomberg Billionaires Index က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များရဲ့ လက်ရှိ ချမ်းသာကြွယ်ဝမှု၊ နောင် ရရှိလာမယ့် ဝင်ငွေများကို တွက်ချက်လာကာ ဖော်ပြလာတာလည်း ဖြစ်ပါတယ်။

The Bloomberg Billionaires Index က အသက် ၄၀ နှစ်ရှိ Al Nassr စူပါစတားရဲ့ လက်ရှိ လုပ်ခဝင်ငွေ၊ စပွန်ဆာဝင်ငွေများကို တွက်ချက်ကာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁.၄ ဘီလီယံ ရှိကြောင်း တွက်ချက်ပြလာတာလည်း ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်းတွင် လုပ်ခ ဝင်ငွေ ဒေါ်လာ သန်း ၅၅၀ ရရှိလာသူပါ။ ယင်းကာလအတွင်းမှာ သူဟာ Nike နှင့် စပွန်ဆာစာချုပ်မှ တစ်နှစ်လျှင် ဒေါ်လာ ၁၈ သန်းဝန်းကျင် ရလာသူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်တွင် ယူနိုက်တက်နှင့် စာချုပ်ဖျက်သိမ်းကာ ဆော်ဒီကလပ် Al Nassr သို့ တစ်နှစ်လုပ်ခ ပေါင် ၁၇၇ သန်းဖြင့် ပြောင်းပြီးနောက် ဘောလုံးသမိုင်းတွင် လုပ်ခအများဆုံး ရကစားသမား ဖြစ်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ယခင်စာချုပ်မှာ ၂၀၂၅ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း ၂ နှစ်စာချုပ်သစ်ချုပ်ဆိုမှုနှင့်အတူ နောက်ထပ် လုပ်ခ ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိလာဦးမှာလည်း ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကစားသမားဘဝ ခါးသီးတဲ့ ပြိုင်ဘက် လီယွန်နယ်မက်ဆီမှာ ကစားသမားဘဝအတွင်း လုပ်ခ ဒေါ်လာသန်း ၆၀၀ ရရှိခဲ့ပါတယ်။

မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းမျှသာ ဖြစ်တဲ့ လုပ်ခ ဒေါ်လာသန်း ၂၀ သာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အသက် ၃၈ နှစ်ရှိ လီယွန်နယ်မက်ဆီဟာ ကစားသမားဘဝမှ အနားယူချိန်မှာ အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာနိုင်မှုနှင့်အတူ နောင် နှစ်များတွင် ခရစ္စတီယာနိုရော်နယ်ဒိုထက် ချမ်းသာလာနိုင်တဲ့အနေအထားမှာလည်း ရှိနေပါသေးတယ်။

#ဘောလုံးသတင်းစုံ

image