အိမ်လုပ်ငရုတ်ဆီ ဆိုးဆေးမပါ သန့်ရှင်းလတ် ဆတ်သည့်
ငရုတ်ဆီကို အိမ်မှာအလွယ်တကူလုပ်လို့ရပါတယ်။
ပါဝင်ပစ္စည်းတွေနဲ့ လုပ်နည်းကတော့........
* မြန်မာကြက်သွန်ဖြူ ၅ လုံးကိုအခွံနွှာပြီးကြိတ်စက်နှင့်
ညက်ညက်ကြိတ်ထားပါ။
* ပန်းကန်လုံးတခုမှာ ဂျုံမှုန့်ကို စတီးဟင်းခတ်ဇွန်း ၂ ဇွန်း
ထည့်ပြီး ရေ ၅ ဇွန်းထည့်ကာ ညက်နေအောင်ဖျော်ထားပါ။
* အိုးတလုံးမှာ ရေကို နို့ဆီခွက် ၁ ခွက်စာထည့်ပါ။
* ကြက်သွန်ဖြူကြိတ်ထားတာ ထည့်ပါ။
* ငရုတ်သီးအစိမ်းမှုန့် အကောင်းစားကိုဟင်းခတ် ဇွန်း ၃ ဇွန်း
ထည့်ပါ။
* ဆား ဟင်းခတ်ဇွန်း တဝက်ထည့်ပါ။
* ထညက်ခဲ ၇ ခဲထည့်ပါ ဆူအောင်အပူပေးပြီး မွှေပေးပါ။
* ရှာလကာရည်ကို ဟင်းခတ်ဇွန်းနှင့် ၁၀ ဇွန်းထည့်မွှေပါ။
* အပျစ်အကြဲအတွက် ဂျုံဖျော်ထားတာကို ဟင်းခတ်ဇွန်းနှင့်
၄ ဇွန်းထည့်ပြီး မွှေပေးပါ။ အရသာမြည်းကြည့်ပြီး လိုတာ
ထပ်ထည့်ပါ။ အနေတော်ဆိုရင် ငရုတ်ဆီရပါပြီး။
* အအေးခံပြီးရင် လေလုံဘူးထဲထည့်ပြီး ရေခဲသေတ္တာမခဲ
သည့်နေရာမှာထားရင် တာရှည်ထားလို့ရပါတယ်။
* ရေခဲသေတ္တာမရှိရင် နည်းနည်းပဲလုပ်ပြီး အပြင်မှာ သုံးလေး
ရက်လောက်ထားလို့ရပါတယ်။
* အိမ်မှာလုပ်တဲ့ ဆိုးဆေးမပါ တာရှည်ခံဆေးမပါတဲ့
ငရုတ်ဆီရပါပြီ......။
စားကောင်းကြပါစေ........