ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူလာမယ့် ဂျော်ဒီအယ်ဘာ
အောက်တိုဘာ ၉
စပိန်နှင့် ဘာစီလိုနာနောက်ခံလူဟောင်းဂျော်ဒီအယ်ဘာဟာ မေဂျာလိဂ်ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူလာကြတော့မှာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ အယ်ဘာဟာ စပိန်နှင့်အတူ ယူရို ၂၀၁၂ ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပြီး ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဘာစီလိုနာကစားဖော်ဟောင်းများဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုဘက်ဇ်ကွက်၊ လူးဝစ်ဆွာရက်ဇ်တို့ရှိရာ အင်တာမိုင်ယာမီသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
မိုင်ယာမီဟာ မေဂျာလိဂ်ပလေးအော့ဖ်အဆင့်သို့ တက်လှမ်းထားပြီး ဖြစ်ကာ ဒီဇင်ဘာလတွင် ကစားရပါမယ်။
အယ်ဘာက "ကျွန်တော့်ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ရှိတဲ့အခန်း အဆုံးသတ်ဖို့ နီးလာပါပြီ။ ဒီရာသီကုန်ရင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ယုံကြည်မှုအပြည့်၊ ပျော်ရွှင်မှုအပြည့်နဲ့ လုပ်သွားပါမယ်"လို့ ပြောကြားသွားပါတယ်။
အယ်ဘာဟာ ၂၀၂၃ ခုနှစ်တွင် စပိန်အတွက် ၉၃ ပွဲကစားပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။
အယ်ဘာမတိုင်မီ အင်တာမိုင်ယာမီ ကစားဖော် ဘက်ဇ်ကွက်ကလည်း ရာသီအကုန်တွင် အနားယူတော့မယ်လို့ ကြေညာထားပါတယ်။
#ဘောလုံးသတင်းစုံ