3 ပတ် - ဘာသာပြန်ပါ။

ရွာငံမြို့နယ်မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF များက ဒလန်ဟုစွပ်စွဲကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်လိုက်ကြ၍ နှစ်လောင်းပြိုင်သေဆုံး

အောက်တိုဘာ ဂ

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အဖွဲ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကုန်းရပ်ကွက်၌ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွာငံမြို့နယ်၊ ကျန်တောကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘမွှေး(၅၀)နှစ်သည် ၎င်း၏ ဝက်လိုင်စင်(စီ)လုပ်ငန်း လုပ်ကိုင်သည့် မြို့ကုန်းရပ်ကွက်ရှိ နေအိမ်၌ မြသိန်းတန်ကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးမျိုးကျော်(ခ)အမောင်(၄၄)နှစ် နှင့်အတူ ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်”များဟု ပြောဆိုကာ လက်ပြန်ကြိုးတုပ်ဖမ်းဆီး၍ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image