3 ပတ် - ဘာသာပြန်ပါ။

ပင်ပန်းနေတယ်ဆိုတာကို
ယုံကြည်စွာပြောပြဖို့၊ သံသယကင်းကင်း မှီလှဲချဖို့
ငါ တောင့်တမိတဲ့ သူတစ်ယောက်တော့
တကယ်လိုတယ်။
ငါ့မှာ မှတ်တိုင်ကျော်သွားလိုက်၊
ဆင်းရမည့်မှတ်တိုင်ကို မသိလိုက်၊
ဘယ်ကားစီးရမလဲ မသိလိုက်နဲ့ပဲ
လွဲချော်မှုတွေကို သိလျက်နဲ့ရော မသိလျက်နဲ့ရော ပေးဆပ်နေရတာ လုံလောက်ပြီလို့ထင်မိတယ်။
"နေရာချင်းများလဲလိုက်ချင်ရဲ့ကွာ"ဆိုသူတွေကို
ကံတရားကဖေးမခဲ့လျှင် ကြည်ကြည်ဖြူဖြူ လဲပေးမိမှာ။

- ကဇယ