နံပါတ်တစ်ဂိုးသမားရာယာကို လုပ်ခတိုးမြှင့်လာတဲ့ အာဆင်နယ်

အောက်တိုဘာ ၈

အာဆင်နယ်ဟာ မီခေးလ်အာတီတာရဲ့ အဓိက ကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ နံပါတ်တစ်ဂိုးသမားဒေးဗစ်ရာယာကို လုပ်ခတိုးမြှင့်ပေးလာပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ ၂၀၂၄ ခုနှစ်နွေရာသီတွင် အာဆင်နယ်သို့ အပြီးသတ် ပြောင်းရွှေ့လာပြီးနောက် လုပ်ခတိုးမြှင့်ခံလာရတာလည်း ဖြစ်ပါတယ်။

ရာယာနှင့် အာဆင်နယ်တို့ဟာ နွေရာသီကတည်းက လုပ်ခတိုးမြှင့်ရန် သဘောတူညီမှု ရရှိလာခဲ့တာ ဖြစ်ပြီး ကလပ်ဘက်က တရားဝင်ကြေညာခဲ့ခြင်း မရှိပါဘူး။

ရာယာဟာ အစောပိုင်းတုန်းက တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ရရှိလာပေမယ့်လည်း စာချုပ်သစ်ကြောင့် လုပ်ခတိုးမြှင့်ခံစားခွင့် ရရှိလာပြီလည်း ဖြစ်ပါတယ်။

ရာယာရဲ့ လက်ရှိစာချုပ်က ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

အာဆင်နယ်ဟာ မကြာသေးမီတုန်းကလည်း လီယန်ဒရိုထရိုဆတ်အား စာချုပ်သက်တမ်းတိုးခြင်း မရှိဘဲ လုပ်ခတိုးမြှင့်ပေးခဲပြီးလည်း ဖြစ်ပါတယ်။

ဒေးဗစ်ရာယာဟာ ၂၀၂၃ ခုနှစ်တွင် ဘရန့်ဖို့ဒ်မှ အငှားဖြင့် ပြောင်းလာပြီးနောက် ၂ ရာသီဆက် ပရီးမီးယားလိဂ်ရဲ့ Golden Gloves Award အား ဆွတ်ခူးလာနိုင်ခဲ့သူပါ။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image