ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ လေကြောင်းတိုက်ခံပြီး လူ ၄၀ ကျော်သေဆုံးကာ ၇၀ ထက်မနည်းဒဏ်ရာရခဲ့
အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းထဲက ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သောဆုံးသူ ၄၀ ကျော်အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်၊ တန့်ဆည်မြို့နယ်တွေထဲကကျေးရွာအချို့ကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ချောင်းဦးမြို့နယ်လေကြောင်းကြဲခံရမှုက သေဆုံးမှုအများဆုံးနဲ့ထိခိုက်ဒဏ်ရာရသူအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။
ချောင်းဦးမြို့နယ် ၊ ဘုံဆိုရွာမှာ အောက်တိုဘာ ၆ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေညက ဆီးမီးသပိတ်ပြုလုပ်ချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲခံခဲ့ရပြီး သေဆုံးသူ ၄၀ ကျော်ရှိကာ ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
" သိရသလောက် ၄၀ ကျော်သေတယ်ထိခိုက်ဒဏ်ရာရသူက ၆၀ ကျော်တယ်လို့သိရပါတယ်။ " လို့ စစ်ရှောင်အရေးကူညီနေတဲ့အဖွဲ့မှပြောပါတယ်။
လက်ရှိမှာ ချောင်းဦးနယ်မှ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေ နာရေးကိစ္စပြုလုပ်ဖို့ အကူအညီတွေ လိုအပ်နေသလို ထိခိုက်ဒဏ်ရာရသူတွေအတွက်လည်း ဆေးဝါးမျိုးစုံ ၊ သွေးအမျိုးအစားမျိုးစုံ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ချောင်းဦးလေကြောင်းတိုက်ခိုက်မှုမှ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။
ဆားလင်းကြီးမြို့နယ်မှာတော့ အောက်တိုဘာ ၇ ရက်နေ့ ကျားတက်ကျေးရွာဘက်ကို လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှု ကောင့် လူနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
တန့်ဆည်မြို့နယ်မှာတော့ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့က သာဂရရွာနဲ့ သာဂလရွာကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၈ လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး