3 ပတ် - ဘာသာပြန်ပါ။

ဆန်နီလမ်မန်မှာ အိုးထရက်ဖို့ဒ်ရဲ့ ကော့တွိုက်စ် ဖြစ်လာမယ်လို့ အမိုရမ် ယုံကြည်နေ

အောက်တိုဘာ ၈

ရူဘင်အမိုရမ်ဟာ ဆန်နီလမ်မန်မှာ ယူနိုက်တက်ရဲ့ သီဘောက်ကော့တွိုက်စ် ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ နွေရာသီတုန်းက ပေါင် ၁၈.၂ သန်းဖြင့် ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံဂိုးသမားအား ဆန်းဒါးလန်းအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပထမဆုံးပွဲအဖြစ် အသုံးပြုခဲ့ပါတယ်။

ယင်းပွဲစဉ်တွင် လမ်မန်ဟာ လက်စွမ်းပြကစားကာ ဂိုးမပေးခဲ့ရပြီးနောက် ယူနိုက်တက်အသိုင်အဝိုင်းရဲ့ ယုံကြည်မှု ရရှိလာနေပါတယ်။

ယူနိုက်တက်အတွင်းလူများရဲ့အဆိုအရ အမိုရမ်က လမ်မန်ရဲ့ လေထဲတွင် ကျွမ်းကျင်စွာ ဖမ်းနိုင်မှု၊ ပါဝါနှင့် ဘောလုံးကျွမ်းကျင်စွာ ကစားနိုင်မှုတို့ကြောင့် ကော့တွိုက်စ် ၂.၀ ဖြစ်လာမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

အမိုရမ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲအား တူရကီဂိုးသမားအယ်တေးဘာယန်ဒါကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပေမယ့်လည်း အမှားများ ပြုလုပ်မှုနှင့်အတူ ဆန်းဒါးလန်းနှင့်ပွဲမှာတော့ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

အမိုရမ်ရဲ့ အရဲစွန့်အပြောင်းအလဲ ပြုလုပ်မှုက အလုပ်ဖြစ်ခဲ့ပြီး ဂိုးမပေးခဲ့ရတဲ့အပြင် ၂-၀ ဂိုးဖြင့်ပါ အနိုင်ရခဲ့ပါတယ်။

ယင်းပွဲတွင် လမ်မန်ဟာ လက်စွမ်းပြကစားနိုင်မှုနှင့်အတူ ကစားဖော်များရဲ့ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရတဲ့အပြင် ပရိသတ်များရဲ့ “Are you Peter Schmeichel in disguise?”လို့ ချီးကျူးသံပြိုင်အော်ဟစ်ခြင်းခံခဲ့ရပါတယ်။

ယခုအခါမှာတော့ ရူဘင်အမိုရမ်ဟာ ယူနိုက်တက်ပထမဆုံးပွဲတွင် လက်စွမ်းပြကစားသွားတဲ့ လမ်မန်အား လာမယ့် ပွဲစဉ်များတွင်လည်း ပွဲထွက်ဂိုးသမားအဖြစ် ဆက်လက် အသုံးပြုလာတော့မှာလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage