3 w - Translate

၂၀၀၉ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံ၊ စတုတ် အွန်ထရန့် (Stoke on Trent) မြို့မှာရှိတဲ့ ကျောင်းဂီတပွဲတစ်ခုအတွင်း ရက်ပ်အဆိုတော် ကူလီယို (Coolio) ဟာ မမျှော်လင့်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်
ပရိသတ်တွေရဲ့ အားပေးမှုကို ယုံကြည်ပြီး သူဟာ ပရိတ်သတ်တွေအပေါ် စင်ပေါ်ကနေခုန်ချခဲ့ပါတယ် ဒါပေမဲ့ ပရိသတ်က သူ့ကို ဖမ်းမယ့်အစား ဘေးကို ရှောင်လိုက်တာကြောင့် ရက်ပ်အဆိုတော်ဟာ ကြမ်းပြင်ပေါ်ကိုပစ်လဲကျသွားခဲ့ပါတယ်
ပိုဆိုးတာကတော့ ကူလီယို မြေပြင်ပေါ်မှာ လှဲကျနေတုန်း ကျောင်းသားတချို့ဟာ အကူအညီပေးဖို့ မဟုတ်ဘဲ သူ့ဆီက ပစ္စည်းတွေကို လုယက်ဖို့ပြေးဝင်လာခဲ့ကြပါတယ် သူတို့ဟာ ကူလီယိုရဲ့ ဖိနပ်၊ ခေါင်းစည်းပဝါ ၊ လက်ဝတ်ရတနာ နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြပါတယ်
ဒီထူးဆန်းတဲ့ အဖြစ်အပျက်ဟာ သတင်းခေါင်းစီးတွေမှာ ချက်ချင်းဆိုသလို ဖော်ပြခဲ့ပြီး အဲဒီအချိန်ကစလို့ အရှက်ရစရာအကောင်းဆုံး စင်ပေါ်က ခုန်ချမှုတစ်ခုအဖြစ် မှတ်မှတ်ရရ ဖြစ်နေခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image