#အာလူးပဲပင်ပေါက်သုပ်ချဉ်ငံစပ်
ရှောက်ရွက်နံ့မွှေးမွှေးလေးရယ် ပဲမှုန့်စေးစေးလေးရယ်
ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ အာလူးပဲပင်ပေါက်
ချဉ်ငံစပ်သုပ်နည်း
- အာလူးပြုတ်၊ ပဲပင်ပေါက်ကိုရေနွေးဖျောထား
- ကြက်သွန်နီ၊ ရှောက်ရွက်ပါးပါးလှီး
- ပုဇွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်
- အရသာတွက် အချိုမှုန့်၊ ငံပြာရည်၊ မန်ကျည်းရည်
- ဆီချက်ရည် ထည့်ပြီးနယ် ပဲမှုန့်စေးစေးရယ်
ရှောက်ရွက်နံ့မွှေးမွှေးလေးရယ် စားလို့ကောင်းချက်
ဘူးသီးဟင်းခါးလေးတစ်ခွက်ပါချက်လိုက်ရင်
ထမင်းအရမ်းမြိန်ပြီရှင်

image