3 ပတ် - ဘာသာပြန်ပါ။

ငါ့ဘ၀ရဲ့ ဖြစ်တည်မှုထဲ
မင်းလက်ကို ထိုးသွင်းကြည့်လိုက်စမ်း
ကိုင်း •• အချစ်နံ့တွေ ရတယ်မဟုတ်လား။

မင်းနဲ့ ပတ်သက်ပြီးတိုင်း
ငါ ရရှိလာတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတစ်ခု ပြီးသွားတဲ့အခါ
ကျည်ဆန်ခွံ လိုက်ကောက်ရတဲ့
ကလေးလိုပါပဲ။

ဘာမှန်းမသိတဲ့ အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘ၀ပါကွယ်။

- ပိုင်စိုးဝေ