3 w - Translate

🦋 လေလွင့်ကြောင်လေးတွေရဲ့ရှင်သန်မှုသက်တမ်း
ပုံမှန်အားဖြင့် ကြောင်လေးတွေဟာ ပျှမ်းမျှသက်တမ်း ၁၃ နှစ်ကနေ ၁၇ နှစ်ထိ ရှင်သန်နေထိုင်နိုင်ကြပါတယ်။
တစ်ချို့ အိမ်မွေးကလေးတွေဆိုရင် မှန်ကန်တဲ့အစာအာဟာရနဲ့ ဆေးကုသမှုကို ရရှိတဲ့အခါမှာ နှစ် 20ကျော်ထိ ရှင်သန်နိုင်ကြတယ်။
ဒါပေမယ့် ချွင်းချက်အနေနဲ့ လေလွင့်ကြောင်လေးတွေဟာဆိုရင်တော့
➡️ ကျန်းမာရေးအန္တရာယ်တွေ
➡️ ရိုက်နှက်၊ ထိခိုက်ဒဏ်ရာတွေ
➡️ ယာဉ်တိုက်မှုတွေ
➡️ အာဟာရမလုံလောက်တဲ့ပြဿနာတွေ
➡️ တခြားတိရစ္ဆာန်တွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ
➡️ အဆိပ်ရှိတဲ့အရာတွေ စားမိတာလိုမျိုး ပြင်ပအန္တရာယ်တွေကြောင့် ပုံမှန်ထက်ကို သက်တမ်းတိုကြရပါတယ်။
ကြောင်လေးတွေရဲ့ လေလွင့်အရေအတွက် များပြားမှုကြောင့် တာ၀န်ယူမယ့်သူနည်းပါးတာဟာ အပြစ်ဆိုစရာမဟုတ်တာ နားလည်ပါတယ်။
ဒါပေမယ့် သဘာ၀အလျောက် ဆုံးပါးမှုမဟုတ်ဘဲ ကိုယ့်ပယောဂကြောင့် ထိခိုက်စေတာမျိုးမဖြစ်သင့်ပါဘူး။
မကူညီ၊ မစောင့်ရှောက်နိုင်ရင်တောင် အန္တရာယ်ပေးတဲ့လူတွေမဖြစ်ကြပါစေနဲ့။
💬 အခြားတိချစ်သူများလည်း သတိပြုဆင်ခြင်နိုင်အောင် share သွားနိုင်ပါတယ်။

image