စင်ကာပူနိုင်ငံရဲ့ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား 
ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား တူရကီနိုင်ငံသား ဆူတန် ကိုဆန်ကို မကြာသေးခင်က စင်ကာပူနိုင်ငံရှိ International crypto ပွဲတစ်ခုဖြစ်တဲ့  TOKEN2049 crypto မှာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အဲ့ဒီပွဲကို တက်ရောက်ရင်း လည်ပတ်ခဲ့တာပါ။ အဲ့ဒီပွဲက Marina Bay Sands မှာ အောက်တိုဘာ ၁-၂ ရက် ကျင်းပခဲ့တာပါ။ 
ကိုဆန်က  TOKEN2049 crypto ပွဲမှာ လူအများကို တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တာတွေ့ရပါတယ်။ စင်ကာပူမှာ ရှိနေစဉ် သူ့ရဲ့အင်စတာဂရမ်ပို့စ်တွေအားလုံးမှာ #token2049 ဆိုတဲ့ hashtag ကို တွေ့ရပါတယ်။ ပွဲက ဗီဒီယိုအတိုလေးတွေကိုလည်း အင်စတာဂရမ်မှာ တင်ထားပါတယ်။ သူဟာ The Basketball Association of Singapore မှာ ဘတ်စကက်ဘောလည်းကစားခဲ့ပါသေးတယ်။ ဒါ့အပြင် Formula 1 ကားပြိုင်ပွဲကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။  
Ref: World’s tallest living man Sultan Kösen visits S’pore, towers over carpark 2.1m height clearance
 
         
 
		  
		 
		 
		 
		 
                