အငှားဖြင့် ခေါ်ယူပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်ပင် အိုနာနာကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိလာတဲ့ ထရက်ဇွန်စပေါ် 
 
အောက်တိုဘာ ၈ 
 
ထရက်ဇွန်စပေါ်ဟာ အင်ဒရေအိုနာနားအား အငှားဖြင့် ခေါ်ယူပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်ပင် ယူနိုက်တက်ထံမှ အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ကစားသမားရဲ့အေးဂျင့်ကို အသိပေးလာပါတယ်။ 
 
အိုနာနာဟာ နွေရာသီအပြောင်းရွှေ့ဈေးကွက်တွင် ထရက်ဇွန်စပေါ်သို့ အငှားဖြင့် ပြောင်းလာပြီးနောက် ပထမဆုံး ၄ ပွဲတွင် ဂိုးမပေးရတဲ့ ပွဲ ၂ ပွဲပိုင်ဆိုင်ထားနိုင်ပါတယ်။ 
 
ထရက်ဇွန်စပေါ်နည်းပြဖာတီတက်ကီဟာ အိုနာနာရဲ့ ဂိုးသမားစွမ်းရည်အပေါ် အသင်းခေါင်းဆောင်အရည်အေသွးနှင့် ပတ်ဝန်းကျင်အသစ်တွင် လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းကိုလည်း ကျေနပ်အားရနေပါတယ်။ 
 
ယူနိုက်တက်ဟာ အိုနာနာအား အငှားစာချုပ်အတွင်းတွင် အပြီးသတ် ရောင်းချမယ့်အချက်အား ထည့်သွင်းချုပ်ဆိုထားခြင်း မရှိပါဘူး။ 
 
ဒါပေမယ့်လည်း ထရက်ဇွန်စပေါ်ဟာ အိုနာနာအား အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အပြီးသတ် ခေါ်ယူရေး ယူနိုက်တက်နှင့် ဆွေးနွေးရန် အသင့် ရှိနေပြီ ဖြစ်ပါတယ်။ 
 
တူရကီကလပ်ဟာ အိုနာနာရဲ့ လုပ်ခ ပေါင် ၁၂၀၀၀၀ အား ပေးချေနေရာ ကစားသမားအား အပြီးသတ် ခေါ်ယူရေး လုပ်ခမှာ ပြဿနာမရှိပါဘူး။ 
 
ထရက်ဇွန်စပေါ်အနေဖြင့် အိုနာနာရဲ့ ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးလာရပါမယ်။ 
 
ဒါပေမယ့် ယူနိုက်တက်ဘက်က ၂၀၂၃ ခုနှစ်တွင် ပေါင် ၄၇ သန်းပေးပြီး ဝယ်ယူထားတဲ့ အိုနာနာအား ပြောင်းရွှေ့ကြေး ဘယ်လောက်ဖြင့် ရောင်းချလာမလဲ မသိရသေးပါဘူး။ 
 
ထရက်ဇွန်စပေါ်ဟာ တူရကီစူပါလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံဆုအတွက် စိန်ခေါ်နေပါတယ်။ 
 
အိုနာနာဟာ တူရကီသို့ ပြောင်းရွှေ့ကစားနေပေမ့ယ့်လည်း ဇနီးသည်နှင့် မိသားစုဝင်များကို မန်ချက်စတာတွင်ပင် ဆက်လက် နေထိုင်စေလျက်ရှိပါတယ်။ 
 
ယင်းသို့ အိုနာနာအနေဖြင့် မိသားစုနှင့် ဝေးကွာနေထိုင်နေမှုနှင့်အတူ ကစားသမားဘဝအပေါ် အပြည့်အဝ အာရုံစိုက်နေနိုင်လျက်ရှိပါတယ်။ 
 
#ဘောလုံးသတင်းစုံ
 
         
 
		  
		 
		 
                