အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်(၆၃)ဦးအထိရှိလာ 
 
အောက်တိုဘာ ၇ 
 
အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ (၆၃)ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစာသင်ကျောင်းအဆောက်အဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြိုကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အပျက်အစီးအောက်တွေမှာရှိနေတဲ့ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်နေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။ 
 
ကျောင်းသားပေါင်း(၁၅၀)ကျော်ဟာ ဘုရားရှိခိုးဖို့အတွက် စုစည်းနေတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ် မှာရှိတဲ့အထပ်ပေါင်းများစွာပါတဲ့ စာသင်ကျောင်းအဆောက်အဦးဟာ ပြိုကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
လက်ရှိအချိန်အထိ လူငယ်တစ်ဒါဇင်ခန့်က ပျောက်ဆုံးနေလျက်ရှိပြီး ရှာဖွေတွေ့ရှိတာမျိုး မရှိသေးဘူးလို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမျိုးသားရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီ ဒါရိုက်တာ Yudhi Bramantyo က “ရုပ်အလောင်းတွေအားလုံးကိုပြန်လည်ရယူပြီး မိသားစုဝင်တွေဆီကို ပြန်လည်ပေးအပ်နှံဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။ 
 
အဲဒီစာသင်ကျောင်းအဆောက်အဦးပြိုကျမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်အတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှုတစ်ခုဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့လက်ထောက်အကြီးအကဲ Budi Irawan က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စာသင်ကျောင်းအဆောက်အဦးပြိုကျရတဲ့ အကြောင်းအရင်းတွေ ကို စုံစမ်းစစ်ဆေးရေးမှူးတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ 
 
Credit - NP News Agency 
 
#centralnewsnaypyitaw
 
         
 
		  
		 
		 
		 
                