မြင်းခြံတွင် အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင်များကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

အောက်တိုဘာ ၇

မြင်းခြံတွင်အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင်များကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နွားကူးအိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြင်းခြံမြို့နယ်၊ အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်စိုး ၏ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း(၄၈)နှစ်သည် မြေးဖြစ်သူ မရွန်းချယ်ရီဟိန်း(၃)နှစ်တို့သည် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်နေ ဦးမင်းခန့်(၄၃)နှစ်မောင်းနှင်သည့် အငှားမော်တော်ယာဉ်ဖြင့် စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ မိဘများထံသို့ မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေးလမ်းအတိုင်း ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်ခွာလာစဉ် မြင်းခြံမြို့နယ်၊ နွားကူးအိုင်ကျေးရွာအနီးအရောက် PDF အဖွဲ့ဝင်များက မော်တော်ယာဉ်အား တားဆီး၍ ၎င်းတို့သုံးဦးအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image