အသင်းဟောင်းပီအက်စ်ဂျီနှင့်ပွဲတွင် လိုင်လီအတွက် နောက်ကျချေပဂိုးသွင်းလာတဲ့ ဘက်ပေးရဲ့ ညီ အီသန် 
 
အောက်တိုဘာ ၆ 
 
အီသန်ဘက်ပေးဟာ အသင်းဟောင်း ပီအက်စ်ဂျီနှင့် ၁ ဂိုးစီသရေကျတဲ့ လီဂူး ၁ ပွဲစဉ်မှာ လိုင်လီအတွက် နောက်ကျချေပဂိုး သွင်းယူလာပါတယ်။ 
 
အသက် ၁၈ နှစ်ရှိ အီသန်ဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် အစ်ကိုဖြစ်သူ ကိုင်လီယန်ဘက်ပေးနှင့်အတူ ပီအက်စ်ဂျီမှ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။ 
 
အစ်ကိုဖြစ်သူ ဘက်ပေးမှာ ပီအက်စ်ဂျီအတွက် ၃၀၈ ပွဲကစားခဲ့ရာမှာ ၂၅၆ ဂိုးသွင်းယူပေးခဲ့ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေပါတယ်။ ညီဖြစ်သူ အီသန်ကတော့ ပီအက်စ်ဂျီအတွက် ၅ ပွဲကစားခွင့် ရရှိရာမှာ တစ်ဂိုးမျှ မသွင်းနိုင်ခဲ့ပါဘူး။ 
 
မနေ့ညက ပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ပွဲချိန် ၆၆ မိနစ်မှာ နူနိုမန်ဒက်စ်ရဲ့ ၂၅ ကိုက်အကွာမှ ဖရီးကစ်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ 
 
ဒါပေမယ့် အီသန်က လူစားဝင်ရောက်လာပြီး ၄ မိနစ်အကြာ ပွဲချိန် ၈၅ မိနစ်မှာ ၁၆ ကိုက်အကွာမှ ချေပဂိုး သွင်းယူခဲ့ပါတယ်။ 
 
ဒီဂိုးက အီသန်အတွက် ကစားသမားဘဝ ဒုတိယမြောက်ဂိုး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လ တူးလော့စ်နှင့်ပွဲမှာလည်း နောက်ကျဂိုးသွင်းခဲ့ပါသေးတယ်။  
 
အီသန်ဟာ ဂိုးသွင်းယူပြီးနောက် အစ်ကိုဖြစ်သူရဲ့ လက်နှစ်ဖက် ကြက်ခြေခတ်ပုံဖြင့် အောင်ပွဲခံခဲ့ပါတယ်။ 
 
အခုပွဲကို အစ်ကိုဖြစ်သူ ကိုင်လီယန်ဘက်ပေး လာရောက် ကြည့်ရှုခဲ့ပါတယ်။ 
 
Credit - Playmaker Journal 
 
#ဘောလုံးသတင်းစုံ
 
         
 
		  
		 
		 
		 
		 
                