❝စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း❞ 
 
အောက်တိုဘာ ၆ 
 
ယခုတစ်ပတ်တာကာလဖြစ်သည့် ယနေ့ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၈၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။ 
 
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်တွင် ငွေကျပ် ၆၁၃၀ ရှိခဲ့သည့် အဆိုပါ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများသည် စက်တင်ဘာ ၁ ရက်တွင် ၆၄၁၀ ကျပ်သို့ မြင့်တက်ခဲ့ရာမှ ယမန်နေ့ အောက်တိုဘာ ၅ ရက်တွင် ၆၆၁၀ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၆ ရက်တွင် ၆၅၈၅ ကျပ်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။ 
 
အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ 
 
#သတင်းဟင်းလေးအိုးကြီး
 
         
 
		  
		 
		 
		 
                