❝DEMUအမြန်ရထားတစ်စင်းတည်းနဲ့ ပြေးဆွဲနေတဲ့ ရန်ကုန်- နေပြည်တော် ခရီးစဥ်အတွက် နောက်ထပ်တစ်စင်း တိုးချဲ့ပြေးဆွဲမယ်❞ 
 
အောက်တိုဘာ ၆ 
 
ယခင်က DEMUအမြန်ရထားတစ်စင်းတည်းနဲ့ ပြေးဆွဲနေတဲ့ ရန်ကုန်- နေပြည်တော် ခရီးစဥ်အတွက် နောက်ထပ် DEMUအမြန်ရထားတစ်စင်းကို အောက်တိုဘာ ၉ ရက်နေ့ကစတင်ပြီး တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။ 
 
အဲဒီ DEMUအမြန်ရထားဟာ နေ့စဥ် ရန်ကုန်ဘူတာကြီးကနေ နေ့လယ် ၁၂ နာရီမှာ စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲမှာ နေပြည်တော်ဘူတာကြီးကို ရောက်ရှိမှာဖြစ်သလို နေပြည်တော်ဘူတာကြီးကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာမယ့်ရထားကတော့ ရန်ကုန်ဘူတာကြီးကို မနက် ၁၁ နာရီခွဲမှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။ 
 
ယခုလို ရထား တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်လို့ ရန်ကုန်ဘူတာကြီးကနေ နေပြည်တော်ကိုထွက်ခွာမယ့် အဆန်ရထားရထားက (၃၁) အဆန်နဲ့ (၇) အဆန်ရထား ၂ စင်းဖြစ်လာမှာဖြစ်ပြီး မနက် ၆ နာရီနဲ့ နေ့လည် ၁၂ နာရီအချိန်တို့မှာ ပြေးဆွဲကြမှာပါ။ 
 
အလားတူ နေပြည်တော်ဘူတာကြီးကနေလည်း မနက် ၆ နာရီမှာ DEMU ရထား အမှတ် (၃၂) အစုန်နဲ့ နေ့လယ် ၁၂ နာရီမှာ DEMU ရထား အမှတ် (၈) အစုန်ရထားတွေနဲ့ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲကြတော့မှာဖြစ်ပြီး လက်မှတ်တွေခနှုန်းထားတွေကတော့ ယခင်ကအတိုင် ပြောင်းလဲမှုမရှိဘဲ ပထမတန်း ၁၉၀၀၀ ကျပ်နဲ့ အထက်တန်း ၂၈၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ 
 
#centralnewsnaypyitaw
 
         
 
		  
		 
		 
		 
		 
                