၁၂၃ ရက်တည်းသာ ကိုင်တွယ်ရပြီးနောက် ရိန်းဂျားသမိုင်းတွင် သက်တမ်းအတိုဆုံးနည်းပြအဖြစ် ရပ်ဆဲလ်မာတင် ထုတ်ပယ်ခြင်းခံလာရ 
 
အောက်တိုဘာ ၆ 
 
ရပ်ဆဲလ်မာတင်ဟာ ရိန်းဂျားနည်းပြအဖြစ်မှ ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။ ရိန်းဂျားတာဝန်ရှိသူများဟာ ဖယ်ကတ်နှင့် တစ်ဂိုးစီသရေကျပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီးနောက် ရပ်ဆဲလ်မာတင်ကို ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။ 
 
အသက် ၃၉ နှစ်ရှိ ရပ်ဆဲလ်မာတင်ဟာ ရိန်းဂျားကို ၁၂၃ ရက်တည်းသာ ကိုင်တွယ်ရပြီးနောက် ထုတ်ပယ်ခြင်းခံလာရတာပါ။ 
 
ရပ်ဆဲလ်မာတင်နှင့်အတူ သူ့နည်းပြအဖွဲ့ဝင်များလည်း ရိန်းဂျားက ထွက်ခွာလာရပါမယ်။ 
 
ရိန်းဂျားဥက္ကဌအင်ဒရူးကာဗီနက်ချ်ဟာ ပရိသတ်များရဲ့ တောင်းဆိုမှုအား တောင့်ခံကာ ရပ်ဆဲလ်မာတင်အား ဆက်လက် ယုံကြည်ပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရပြီလည်း ဖြစ်ပါတယ်။ 
 
မာတင်ဟာ နွေရာသီကမှ ရိန်းဂျားနည်းပြအဖြစ် ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ကလပ်သမိုင်းတွင် သက်တမ်းအတိုဆုံး အမြဲတမ်းနည်းပြအဖြစ် အထုတ်ခံလာရတာပါ။ 
 
ရိန်းဂျားဟာ နိုင်ငံတကာပွဲများကြောင့် လိဂ်ရပ်နားထားစဉ်အတွင်း နည်းပြသစ် ခန့်အပ်ရေး ရှာဖွေသွားမည် ဖြစ်ပြီး နည်းပြဟောင်းစတီဗင်ဂျရတ်မှာ နည်းပြဖြစ်လာနိုင်တဲ့ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။ 
 
Credit - Playmaker News Agency 
 
#ဘောလုံးသတင်းစုံ
 
         
 
		  
		 
		 
		 
		 
                