4 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့လည်ခေါင်ရှိ Beauty Land Hotelတွင် အပိုင်းပိုင်းခုတ်ထစ်ကာ စွန့်ပစ်ခံရသော အမျိုးသမီးအလောင်းတွေ့

အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်ရှိ Beauty Land Hotelတွင် အပိုင်းပိုင်းခုတ်ထစ်ကာစွန့်ပစ်ခံရသော အမျိုးသမီး အလောင်းတွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ အမျိုးသမီး၏ရုပ်အလောင်းကို ယနေ့(အောက်တိုဘာ ၆ရက်)၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ပန်းဘဲတန်းမြိုနယ် ၊ အမှတ်(၁၁) ရပ်ကွက်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်အလောင်းမှာ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရခြင်းဖြစ်ပြီး အလောင်းကို အမှိုက်အိတ်အပြာဖြင့်ထည့်ကာ အထက်ပါ ဟိုတယ်ရှိ အခန်းအမှတ် (၅၀၂) ၏ အခန်းအပြင်ဘက် လေအေးပေးစက်တပ်ဆင်ထားသော စင်ပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သတ်ဖြတ်ခံရသူ၏ ရုပ်အလောင်းအား စစ်ဆေး အတည်ပြုရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျူးလွန် သူအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image