ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ ရရှိလာပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်နှင့် ဝင်းဂါးတို့အား ညစာဖိတ်ကျွေးမယ်လို့ ဂွါဒီယိုလာ ပြောကြားလာ 
 
အောက်တိုဘာ ၆ 
 
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ အား အမြန်ဆုံး ရယူနိုင်တဲ့ နည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးတဲ့နောက် အထူးစပါယ်ရှယ်အောင်ပွဲခံရန် စီစဉ်နေပါတယ်။ 
 
ဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် နိုင်ပွဲ ၂၅၀ ရယူနိုင်တဲ့ ၁၆ ဦးမြောက်နည်းပြဖြစ်လာပါတယ်။ 
 
ယခင်တုန်းက ပရီးမီးယားလိဂ်နိုင်ပွဲ ၂၅၀ အမြန်ဆုံးရယူနိုင်တဲ့ နည်းပြအဖြစ် ဆာအဲလက်စ်ဖာဂူဆန်က ၄၀၄ ပွဲဖြင့် ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ 
 
ဒါပေမယ့် ဂွါဒီယိုလာဟာ ပွဲ ၃၄၉ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၂၅၀ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ယင်းမှတ်တမ်းအား အမြန်ဆုံး ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 
 
ဂွါဒီယိုလာက "ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့နဲ့ အတူ မှတ်တမ်းရေးထိုးနိုင်လို့ ဂုဏ်ယူတယ်။ သူတို့ကို ကောင်းမွန်တဲ့ညစာစားဖို့ ဖိတ်သွားမယ်။ ပရီးမီးယားလိဂ်သမိုင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရလို့ အရမ်းကျေနပ်တယ်။ အရမ်းကျေနပ်တယ်။ အခု ပွဲ ၂၅၀ ကျော်နိုင်ပွဲတွေဆီသို့ သွားကြစို့"လို့ ပြောကြားလာပါတယ်။ 
 
မန်စီးတီးကို ၁၀ ရာသီမြောက် ကိုင်တွယ်နေတဲ့ ဂွါဒီယိုလာဟာ ၂၀၁၆ တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ် ရယူပေးထားသလို ၂၀၂၃ ခုနှစ်တုန်းက သမိုင်းဝင် ဆုဖလား ၃ လုံး ရယူပေးနိုင်ခဲ့ပါတယ်။ 
 
သူဟာ ၂၀၁၇-၁၈ ရာသီတုန်းက ပရီးမီးယားလိဂ် ၃၈ ပွဲတွင် နိုင်ပွဲ ၃၂ ပွဲအထိ ရယူကာ သမိုင်းတွင် တစ်ရာသီတည်း ရမှတ် ၁၀၀ အထိ ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သလို ပရီးမီးယားလိဂ်ဖလား ၄ ရာသီဆက် ရယူထားနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။ 
 
Credit - Playmaker Journal 
 
#ဘောလုံးသတင်းစုံ
 
 
		  
		 
		 
		 
		 
		 
                