မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော်လက်နက် နှင့် မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်နေသော ကူကီးလက်နက်ကိုင်အဖွဲ့ CKMA မှ စစ်ဦးစီးချုပ်ကို အိန္ဒိယ ဖမ်းဆီး 
 
အောက်တိုဘာ ၄ 
 
မြန်မာ - အိန္ဒိယနယ်စပ်ဖြတ်ကျော် လက်နက်နှင့်မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်နေသော ကူကီးလက်နက်ကိုင်အဖွဲ့ CKMA မှ စစ်ဦးစီးချုပ်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Sangai Express ၏ သတင်းတွင် ဖော်ပြထားသည်။ 
 
ဖွဲ့စည်းထားသည်မှာ မကြာသေးသော Chin Kuki Mizo Army – CKMA သည် မှ ခေါင်းဆောင်ကို လက်နက်များနှင့်အတူ အောက်တိုဘာ (၁) ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ Paokholen Guite အဖြစ် သိရှိရကာ မဏိပူရ ပြည်နယ်၊ Churachandpur မြို့နယ် ရှိ P Mongjang ကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။ 
 
ဖမ်းမိချိန် AK 47 ရိုင်ဖယ် နှစ်လက်၊ AK 47 ကျည်အိမ် နှစ်ခု၊ 7.62 AK ကျည် ၃၁ တောင်၊ 7.62 SLR/LMG ကျည် ၁၅၀ တောင်၊ ငွေသား ရူပီးတစ်သိန်း၊ ကျည်ကာအိတ်တစ်ခု၊ Hyundai Creta ကားတစ်စီးနှင့် မိုဘိုင်းဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။ 
 
တစ်ချိန်တည်းမှာပင် ရဲအဖွဲ့သည် ယင်းနေ့တွင်ပင် Chandel ခရိုင်၊ Sajik Tampak ဒေသရှိ T Kotlen ကျေးရွာသို့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ဟု သံသယရှိသူတစ်ဦးကို ဖမ်းဆီးစဉ် လူအုပ်စု တစ်စု ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် အာသံရိုင်ဖယ် နှင့် ဗဟိုလက်နက်ကိုင် ရဲတပ်ဖွဲ့၊ ဒေသခံ ခေါင်းဆောင်များ၏ အကူအညီကို ရယူ ဖြေရှင်းခဲ့ရကြောင်းလည်း သတင်းတွင် ရေးသားထားသည်။ 
 
ထို့ပြင် အောက်တိုဘာလ ၁ ရက် နှင့် ၂ ရက်တို့တွင် ငွေညှစ်ခြင်း နှင့် အခြား ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော မဏိပူရလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RPF/PLA မှ တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခဲ့သေးကြောင်း ယင်း သတင်းအရ သိရသည်။ 
 
Credit - NP News Agency 
 
#centralnewsnaypyitaw
 
         
 
		  
		 
		 
		 
                