ဟိုပင်မြို့တွင် နေအိမ်ငါးလုံးမီးလောင်မှု ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ 
 
အောက်တိုဘာ ၄ 
 
ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ ဇမ္ဗူရစ်လမ်းတွင် အောက်တိုဘာလ ၁ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့သော နေအိမ်ငါးလုံးမီးလောင်မှုမှာ Power Station ဖြင့် ရေခဲသေတ္တာ အသုံးပြုသည့် Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။ 
 
မီးလောင်မှုကြောင့် သွပ်မိုးအုတ်ညှပ် နှစ်ထပ်နေအိမ် လေးလုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနှစ်ထပ်နေအိမ် တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 
 
မီးလောင်မှုမှာ သုံးနာရီခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ်သုံးစီး၊ ရေသယ်ယာဥ်သုံးစီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီတွင် မီးငြိမ်းခဲ့သည်။ 
 
“အိမ်ငါးလုံး မီးထဲပါသွားလို့ အဲ့ဒီအိမ်တွေမှာနေတဲ့သူ ၃၀ ကျော်ကတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ နေကြတယ်။ လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး” ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။ 
 
နေအိမ်ငါးလုံး မီးလောင်မှုကြောင့်အသက် ၆၀ အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် ဟိုပင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 
 
Credit - Myanmar Transparency News Agency 
 
#centralnewsnaypyitaw




 
 
		  
		 
		 
		 
		 
                