4 ပတ် - ဘာသာပြန်ပါ။

စွဲလမ်းမိသမျှ အကုန်ပျောက်ရှဖူးသူမို့
အဲ့ဒီ အဝေးကြီးကလေးကို
တစ်လှမ်းမှ မနီးစေရဘဲ
နေ့ရယ် ညရယ်
ဒီနေ့ရော မနက်ဖြန်ပါအရိပ်တကြည့်ကြည့် ..

အမြဲတမ်းဆိုရင်များ လွင့်ပြယ်သွားလေမလား ..
ဒီလိုနဲ့ပဲ ချွေချွေတာတာ ငေးရတယ် ။

အကွာအဝေးကအစ
အရိပ်ကလေးနဲ့တောင် မထိမငြိစေရ ။

နာမည်လေးရွတ်မိရင် နိုးသွားမလား
သတိရစိတ်ကို အသံပိတ်ထားရတယ် ။

အပြုံးကလေးကို ထိတို့ချင်မိ ။

အစွန်းထွက်ချင်တဲ့ တပ်မက်စိတ်ကို ချွန်းအုပ်ရတယ်
အဲ့ဒီ အဝေးကြီးကလေးဟာ
ထာဝရ အဝေးကြီးမှာ ... ။

-အမရာမေ