ကြက်ကရင်သုတ် ရှူးရှဲလေး😋😋 
ကြက်သားသုပ်ဖို့  လိုအပ်တာတွေကတော့ 
ကြက် ၅၀ သား တစ်ကောင်၊ ငရုတ်သီးခြောက် ၁၀ တောင့် (အစပ် စားနိုင်သလောက် ထည့်ပါ)၊ ကြက်သွန်နီ အလတ် ရ ဥ၊ ကြက်သွန်ဖြူ ၁ ဥ၊ ဆားနှင့် ငံပြာရည် အနည်းငယ်၊ ခွေးတောက်ရွက် နုနု ၅ ကျပ်သား၊ စပါးလင်၂ ပင်၊ သံပုရာသီး တစ်လုံး၊ ဂျင်း ၁ ကျပ်သားခန့်တို့ ဖြစ်ပါတယ်။ 
ဒါတွေပါရင် ကြက်သားသုပ်ဖို့ အမယ်တွေစုံပါပြီ၊ ဒါဆိုရင် ပထမဆုံးအဆင့်အနေနဲ့ ကြက် အကောင်လိုက်ကို ဗိုက်ဖောက် အူ၊ ကလီဇာစတာတွေထုတ်ပြီး သန့်စင်ထားပါ။ ပြီးရင် ဆား၊ ဆနွင်း၊ ငံပြာရည် နယ်ပြီး နာရီဝက်ခန့် နှပ်ထားရမှာပါ။ ရေတလီတာ ထဲကို ကြက်သွန်နီ ၃ဥ အလုံးလိုက်ထည့်ပါ။ ကြက်သွန်အဖြူကို ထောင်းပြီးထည့်ပါ။ စပါးလင်ကို ထုထောင်း ထုံးပြီး အိုးထဲထည့်ပါ။ ကြက်ကို ၄၅မိနစ်ပြုတ်ပါ။ ကြက်ကိုပြုတ်ဖို့ အဆင်သင့်ဖြစ်ပြီဆို အောက်ကပုံအတိုင်း မြင်ရမှာပါ။ 
ဒီအဆင့်ပြီးရင် ဒုတိယအဆင့်ကတော့ အနှစ်အတွက် ငရုတ်သီးတောင့်ကို ညက်အောင်ထောင်းပါ။ ကြက်သွန်နီ ၃ဥ ထည့်ထောင်းပါ။ အနှစ်ရပြီဆို ပြုတ်ထားတဲ့ ကြက်သားကို အသားနွှင်ပါ။ ဒီအဆင့်ရောက်ပြီဆို အောက်ပုံအတိုင်း မြင်ရမှာပါ။ အရသာရှိတဲ့ ကြက်သားသုပ်ဟင်းလျက် တစ်ခွက်ဖြစ်လာဖို့ နီးစပ်လာပါပြီ။ 
ဒီအဆင့်ပြီးရင် ကြက်သား စသုပ်ပါမယ်။ ကြက်သားနဲ့ ငရုတ်သီးထောင်းကို ရောနယ်ပါ ဆားအနည်းငယ်နဲ့ ငံပြာရည်နဲနဲထည့်ပါ။ သံပုရာသီး တစ်လုံး ညစ်ထည့်ပါ။ ကြက်က အိမ်ကြက်မို့ အရသာ ချိုပြီးသားဖြစ်လို့ အချိုမှုန့် ထည့်စရာမလိုပါဘူး။ ဒီနေရာမှာ တစ်ချို့ကမေးကြတယ် ငရုတ်သီး အလှော်မဟုတ်ပဲ အစိမ်းမို့လို့ အစိမ်းစော်မနံဘူးလား ဗိုက်မနာဘူးလားဆိုပြီး ဒီလို လုံးဝမဖြစ်ပါဘူး ကြက်သွန်နီနံ့ လေးရယ် သံပုရာသီး စစ်စစ် အနံ့လေးက အရမ်းကို မွှေးလို့ အနံ့ရရုံနဲ့ကို သွားရေယိုစေတာပါ။ သုပ်ပြီးရင်တော့ ဒီပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်။ အသင့် စားလို့ရတော့မယ်နော်။ 
နောက်ဆုံးအဆင့် ဟင်းရည်အတွက်ပဲ လိုပါတော့တယ်။ ဟင်းရည် အတွက်ကတော့ အသားပြုတ်ရည် ပူပူလေးထဲကို ခွေးတောက်ရွက်လေး ညပ်ထည့်ပြီး ငရုတ်ကောင်းမှုန့်လေး ဖြူးသောက်ရင် အရမ်းမိုက်ပါတယ်။ ညဘက် အသောက်များပြီး ခေါင်းမကြည်သူတွေ  အတွက်လဲ ခေါင်းကြည်ပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ အားလပ်ရက် တွေမှာ မိတ်ဆွေ မိသားစု ချစ်သူခင်သူတွေနဲ့ အတူစုပြီး ကျေးလက်ရနံ့သင်းပျံ့နေတဲ့ ကရင်ရိုရာ ကြက်သားသုပ်လေး သုပ်စားရင်း အားလပ်ရက်ကို အပြည့်အဝခံစားလိုက်နိုင်ကြပါပြီရှင့်။   
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို followလုပ်ထားပါ
 
         
 
		  
		 
		 
                