ကြက်သားတုမ်ယမ်း ချက်နည်း......။😋 
ချဥ်စပ်မွှေးလေးနဲ့ သောက်လို့အရမ်းကောင်းတဲ့ဟင်းရည်လေး 
ကြက်ဥကြော််လေးနဲ့ တအားလိုက်သောလေး 
ချက်ရတာလည်း အရမ်းလွယ်တဲ့ဟင်းလေး... 
လိုအပ်တဲ့ပါပစ္စည်းများ........ 
- သံပုရာသီး 
- ပဒဲကော 
- စပါလင် 
- ရှောက်ဘီလူးရွက် 
- ခရမ်ချဉ်သီး 
- ကြက်သွန်နီ 
- ရှမ်းနံနံ 
- ကိုယ်အဆင်ပြေတဲ့ မှို 
ချက်နည်း........ 
အရည်ကို ကိုယ်လိုသလောက်ထည့်ပြီးဆူအောင်တည်ပါ။  
ပြီးရင် ကြက်သွန်နီ လေးစိတ်ကွဲ၊ ခရမ်းချဉ်သီး လေးစိတ်ကွဲ၊ ပဒဲကောနဲ့ စပါလင်လှီးထည့်၊ ရှောက်ရွက်ထည့်၊ တုန်ယမ်းခဲထည့်ပါ။ (မရှိရင်ဆားနဲ့ကြက်သားမုန့်ပဲထည့်ပါ။) 
ရေဆူအောင်တည်ပြီး ကြက်သားတွေထည့်ပါ။ 
ကြက်သားထည့်ပြီး မိနစ်နှစ်ဆယ်လောက်ဆို ကိုယ်ကြုက်တဲ့မှိုထည့်ပါ။ အရသာအတွက် ငံပြာရည်ထည့်ပါ။   
ပြီးရင်နိုစိမ်း သို့မဟုတ် အုန်းနို့ထည့်ပါ။ 
ထိုင်းငရုပ်သီးအနှစ် နန်းဖိစ်ဖောင် ရှိရင်ထည့်ပါရှင် 
မရှိလို့မထည့်ရင်လည်းရပါတယ်ရှင် 
မှိုတွေကျက်ရင် ငရုပ်သီးအလှော်တောင့် သို့မဟုတ် ငရုပ်သီးစိမ် တောင့် ကြိုက်တာထည့်ပါ။ 
နောက်ဆုံး အရသာလေးမြည်းကြည့်ပြီး ရှမ်းနံနံပင်နဲ့ ရှောက်ဘီလူးရွက်လေးခပ်ပေးပြီးရင် ရပါပြီးရှင့်....။ 
မီးပိတ်ပြီး ကိုယ်အချဉ်ကြိုက်သလောက် သံပုရာသီးညှစ်ထည့်ပြီး စားကောင်းတဲ့ ကြက်သားတုမ်ယမ်းလေး စားလို့ရပါပြီးရှင့်....။😋😋😋
 
         
 
		  
		 
		 
		 
		 
		 
                