ဒီနေ့မနက် ဆမိုင်ပါ
အိုးတလုံးမှာဂီးထောပတ်
၅ ကျပ်သားထည့်ပြီးအပူပေးပါ ဖါလာစေ့ ၄ စေ့ထုပြီး ထည့်ပါ သစ်ဂျပိုးခေါက်တခုထည့်ပါ မွှေးနေအောင်မွှေပေးပြီးဆမိုင်လှော်ထားတာ ၁၅ ကျပ်သားထည့်ပါ မွှေပေးပါ နို့စိမ်း ၁ ဘူးဖေါက်ထည့်ပါ
နို့ဆီ ၁ ဘူးဖေါက်ထည့်ပါ
ရေကို ၂ လီတာလောက်ထည့်ပြီးမွှေပေးပါ
သပျစ်သီးခြောက် ၃ ကျပ်သား သီဟိုစေ့ ၃ ကျပ်သားကိုရေဆေးပြီးထည့်ပါ
သကြား ၅ ကျပ်သားထည့်ပါ
ဆူအောင်တည်ထားပြီးအရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ဆမိုင်ရပါပြီ
စားကောင်းကြပါစေ
Credit

image