ဒီနေ့မနက် ဆမိုင်ပါ 
   အိုးတလုံးမှာဂီးထောပတ် 
၅ ကျပ်သားထည့်ပြီးအပူပေးပါ ဖါလာစေ့ ၄ စေ့ထုပြီး     ထည့်ပါ သစ်ဂျပိုးခေါက်တခုထည့်ပါ မွှေးနေအောင်မွှေပေးပြီးဆမိုင်လှော်ထားတာ ၁၅ ကျပ်သားထည့်ပါ မွှေပေးပါ နို့စိမ်း ၁ ဘူးဖေါက်ထည့်ပါ  
နို့ဆီ ၁ ဘူးဖေါက်ထည့်ပါ 
ရေကို ၂ လီတာလောက်ထည့်ပြီးမွှေပေးပါ 
သပျစ်သီးခြောက် ၃ ကျပ်သား သီဟိုစေ့ ၃ ကျပ်သားကိုရေဆေးပြီးထည့်ပါ 
သကြား ၅ ကျပ်သားထည့်ပါ 
ဆူအောင်တည်ထားပြီးအရသာမြည်းကြည့်ပါ 
အနေတော်ဆိုရင်ဆမိုင်ရပါပြီ 
     စားကောင်းကြပါစေ 
Credit
 
         
 
		  
		 
		 
		 
		 
                