ဒီတစ်ခါမှာတော့ နနွင်းမှုန့်က အပင်တွေအတွက် အံ့ဩစရာ အသုံးဝင်ပုံလေးတွေကို မျှဝေပေးချင်ပါတယ် 🌿💦
နနွင်းမှုန့်ဟာ ချက်ပြုတ်ရာမှာသာမက ဥယျာဉ်စိုက်ပျိုးရေးမှာလည်း အရမ်းအသုံးဝင်ပါတယ်။ အများအားဖြင့် နနွင်းမှုန့်ကို တစ်မျိုးတည်း (အမှုန့် သို့မဟုတ် ဖျန်းဆေး) အဖြစ်သုံးလေ့ရှိပေမယ့် တစ်ခါတလေ အခြားသဘာဝပစ္စည်းတွေနဲ့ ရောစပ်ပြီးလည်း အသုံးပြုပါတယ်။ ဓာတုပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေကို ရှောင်ရှားချင်တယ်ဆိုရင် နနွင်းမှုန့်ဟာ သဘာဝနည်းနဲ့ ထိရောက်တဲ့ အစားထိုးတစ်ခုဖြစ်ပါတယ်💚
၁။ ပုရွက်ဆိတ်နိုင်ဆေး
ပန်းဥယျာဉ်အတွက် ပန်းအိုးတွေ၊ မြေကြီးထဲမှာ ပုန်းအောင်းနေတတ်တဲ့ ပုရွက်ဆိတ်တွေဟာအနှောင့်အယှက်ဖြစ်စေပေမယ့် နနွင်းရဲ့အနံ့က သူတို့ကို ဖယ်ရှားပေးနိုင်ပါတယ်။ အပင်တွေနဲ့ မြေပြင်ပေါ်ကို နနွင်းမှုန့်အနည်းငယ်ဖြူးပေးပါ။ နည်းနည်းဖြူးရင် လုံလောက်ပါတယ် 🌱
၂။ သဘာဝပိုးသတ်ဆေး
နနွင်းကို သဘာဝပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ နနွင်းမှုန့်ကို အပင်ရဲ့အောက်ခြေမှာ ဖြူးထားပေးလိုက်မယ်ဆိုရင် ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေကို ကိုက်ဖြတ်စားသောက်တတ်တဲ့ ပိုးမွှားများရဲ့ အန္တရာယ်ကို ကာကွယ်ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ် 🐛
၃။ အပင်မှိုစွဲတာ
နနွင်းက အပင်မှိုရောဂါတွေကို ကာကွယ်ပေးပါတယ်။နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၂) + ရေ (၁ လီတာ) ရောပြီး တစ်ပတ်တစ်ကြိမ် ဖျန်းပေးသင့်ပါတယ် 🍃
၄။ အရွက်အမည်းစက်
အရွက်ပေါ်က အမည်းစက်တွေအတွက် နနွင်းဖျန်းဆေး အရမ်းအသုံးဝင်ပါတယ်။
နနွင်းမှုန့် (၂ ဇွန်း) + ရေ (၁ လီတာ) ရောစပ်ပြီး အရွက်အမည်းစက် ဖြစ်နေတဲ့ နေရာတွေကို ဖျန်းပေးပါ 🪴
၅။ အရွက်ဖြူမှိုရောဂါ
အရွက်တွေမှာ မှိုအဖြူတွေ ကပ်နေမယ်ဆိုရင်တော့ နနွင်းမှုန့်ကို နို့၊ ရှလကာရည်နဲ့ရောပြီး မှိုဖြူတွေကို နှိမ်နင်းနိုင်ပါတယ်။ နနွင်းမှုန့် (၂ ဇွန်း) + နွားနို့ (၁၀၀ မီလီ) + ရှလကာရည် (၂ ဇွန်း) + ရေ (၁ လီတာ) ရောပြီးတစ်ပတ်၊၁၀ရက်တစ်ကြိမ် ဖျန်းပေးရပါမယ်☘️
၆။ နှင်းဆီရိုး ခြောက်သွေ့မှု
နှင်းဆီကိုင်းဖြတ်ပြီး ညိုမဲခြောက်သွေ့သွားတာတွေအတွက် နနွင်းအနှစ်သုပ်လိမ်းပေးနိုင်ပါတယ်။ နနွင်းနဲ့ ရေရောပြီး အနှစ်လုပ်ကာ နှင်းဆီကိုင်း ဖြတ်ထားတဲ့နေရာမှာ သိပ်လိမ်းပေးပါ 🥀
၇။ အမြစ်ပုပ်ရောဂါ
မြေဆီလွှာထဲ နနွင်းထည့်ပေးခြင်းဖြင့် အမြစ်ပုပ်ရောဂါကို တားဆီးနိုင်ပါတယ်။ အိုးစိုက်အပင်ဆိုရင် မြေဆီ (၅ လီတာ) + နနွင်း (၁ ဇွန်း) ရောပါ။
မြေကြီးစိုက်ဆိုရင် ရေ (၁ လီတာ) + နနွင်း (၁ ဇွန်း) ရောလောင်းပေးပါ 🌿
၈။ အပင်ဒဏ်ရာ
နနွင်းရဲ့ စွမ်းရည်က အပင်ဒဏ်ရာတွေကို ကုသပေးနိုင်ပါတယ်။ နနွင်းနဲ့ ရေရောပြီး အနှစ်လုပ်ကာ ဒဏ်ရာပေါ်လိမ်းပြီး အပေါ်ကနေ အစေးကပ်တံနဲ့ အုပ်ပေးပါ 🌱
၉။ အမြစ်ကြီးထွားမှု
နနွင်းဟာ အမြစ်ဟော်မုန်းလိုပဲ အမြစ်ဖြစ်ထွန်းမှုကို အားပေးပါတယ်။ အမြစ်ဖြတ်စိုက်တဲ့အခါ မြေကြီးထဲ နနွင်း (၁ ဇွန်း) ထည့်စိုက်ပေးခြင်းဖြင့် အမြစ်များ ကြီးထွားပွါးများမှုကို အားပေးပါတယ် 🫜
ဒီနနွင်းသုံးနည်းလေးတွေနဲ့ သဘာဝနည်းကျကျန်းမာတဲ့ ဥယျာဉ်လေးကို ဖန်တီးထိန်းသိမ်းဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အသုံးဝင်နိုင်တာလေးတွေမို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါတယ်။

image