4 w - Translate

အိန္ဒိယရဲ့ဆယ်လီဘီလျံနာစာရင်းဝင်သွားခဲ့တဲ့ မင်းသားကြီးရှရွတ်ခန်း
ဘောလိဝုဒ်အကျော်အမောမင်းသားကြီး ရှရွတ်ခန်းဟာ အိန္ဒိယရဲ့ဆယ်လီဘီလျံနာစာရင်းဝင်သွားခဲ့ပါပြီ။ အနုပညာသက်တမ်းနှစ် ၃၀ ကျော်အကြာမှာ ရှရွတ်ခန်းက အောက်တိုဘာ ၁ ရက်နေ့ထုတ်ပြန်ခဲ့တဲ့ Hurun India Rich List 2025 စာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီစာရင်းဟာဆိုရင် Hurun Research Institute က အိန္ဒိယနိုင်ငံရဲ့နယ်ပယ်အသီးသီးမှာ ဆယ်လီတွေရဲ့ကြွယ်ဝချမ်းသာမှုကို အကဲဖြတ်ခြင်းဖြင့် နှစ်စဉ်ထုတ်ပြန်တဲ့စာရင်းပါပဲ။
ရှရွတ်ခန်းက ကြွယ်ဝချမ်းသာမှု ကန်ဒေါ်လာ ၁.၄ ဘီလျံနဲ့ ဘီလျံနာစာရင်းဝင်သွားခဲ့တာပါ။ သူက ၂၀၂၅ ခုနှစ်မှာ ကြွယ်ဝချမ်းသာဆုံးဘောလီဝုဒ်အနုပညာရှင်ဖြစ်သွားခဲ့ပါတယ်။ သူက မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် အအောင်မြင်ဆုံးဇာတ်ကားကောင်းတချို့ကို ထုတ်ပေးတဲ့ Red Chillies Entertainment နဲ့ IPL team Kolkata Knight Riders တို့ရဲ့ပူးတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။
အခုနှစ်မှာ ရှရွတ်ခန်းက Jawan ဇာတ်ကားနဲ့ Best Actor National Award ကိုလည်း ရရှိထားပါတယ်။ ဒါဟာ ရုပ်ရှင်လောကမှာ သူ့ရဲ့ပထမဆုံး National Award ပါ။

image