ချောင်းတွေ အရမ်းဆိုးနေပါသလား...?
ချောင်းအရမ်းဆိုးနေလို့ လည်ချောင်းနာနေပါသလား...?
ချောင်းဆိုးလို့ အသံတွေ၀င်နေပါသလား...?
စိတ်မညစ်ပါနဲ့.. ဆေးနည်းပေးမယ်...
အခုဆေးနည်း ဂျပန်ရိုးရာဆေးနည်းဖြစ်ပါတယ်။
သံပုရာသီး/သံပယိုသီး/ရှောက်သီး/ကဗလာသီး နှင့် လိမ္မော်သီးများဖြင့် ပြုလုပ်လို့ရပါတယ်။
ပြုလုပ်ပုံက ပုံပါအတိုင်းဆိုလျှင် လိမ္မော်သီးကို အပေါ်ပိုင်းကို ဓားဖြင့်ကွင်းဖြတ်၍ ၎င်းအပေါ်သို့ အိမ်သုံးဆား လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ထည့်ပြီး ပြန်လည်ဖုံးအုပ်၍ ရေနွေးပူပူထဲ၌ ၁၅မီးနစ်ခန့် ထည့်ပြုတ်ပါ။
ဤသို့ပြုလုပ်ပြီးပါက လိမ္မော်သီးအတွင်းမှအရည်ကို တစ်နေ့ သုံးကြိမ်သောက်သုံးပေးခြင်းဖြင့် အထက်ပါရောဂါများကို ပျောက်ကင်းစေပါသည်။
နောက်တနည်းက ပျားရည် (၂)ဇွန်း သံပရာရည် (၁)ဇွန်းကို ရောစပ်၍ဖျော်သောက်ပေးပါက ချောင်းဆိုးဝေဒနာကို ပျောက်ကင်းစေပါတယ်။
ကျေးဇူးတင်ပါတယ်..
Credit to original uploader

image