အင်္ဂလန်လူစာရင်းတွင် ဆာကာ ပါဝင်လာပေမယ့်လည်း ဘယ်လင်ဂမ်နှင့် ဖီဒန်တို့ မပါဝင်လာ

အောက်တိုဘာ ၄

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ လာမယ့်အပတ် ဝေးလ်၊ လတ်ဗီးယားတို့နှင့်ရင်ဆိုင်ရမယ့် နိုင်ငံတကာပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်းကို ကြေညာလာရာ ဘူကာယိုဆာကာအား ပြန်လည် ရွေးချယ်လာပါတယ်။ ဒါပေမယ့် တူချယ်ဟာ ဂျူ့ဘယ်လင်ဂမ်၊ ဂျက်ဂရဲလ်လစ်ရှ်နှင့် ဖီးလ်ဖိုဒန်တို့အား ချန်လှပ်လာပါတယ်။

အာဆင်နယ်တောင်ပံကစားသမားဆာကာဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့လ အန်ဒိုရာ၊ ဆားဘီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၄ နှစ်ရှိ ဆာကာဟာ မကြာသေးမီတုန်းက အာဆင်နယ်အတွက် ပြန်လည် ကစားနိုင်လာခဲ့ကာ ဗုဒ္ဓဟူးနေ့တုန်းက အိုလံပီယာကို့စ်အား အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အင်္ဂလန်ဟာ လာမယ့် ကြာသပတေးနေ့တွင် ဝင်ဘာလေကွင်းတွင် ဝေးလ်နှင့် ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး ၁၄ ရက်နေ့တွင် ရီဂါမှာ လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရပါမယ်။

အင်္ဂလန်ဟာ လတ်ဗီးယားကို အနိုင်ရလာပါက နိုဝင်ဘာလ ဆားဘီးယား၊ အယ်ဘေးနီးယားတို့နှင့် နောက်ဆုံးပွဲစဉ်များတွင် ရမှတ် ၂ မှတ်ရရှိလာပါက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါမယ်။

သောမတ်စ်တူချယ်ဟာ အာဆင်နယ်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့တဲ့ တီနိုလီဗရာမန်တိုရဲ့ နေရာမှာ လေဗာကူဆင်နောက်ခံလူဂျာရဲလ်ကွမ်ရှာအား အစားထိုးရွေးချယ်လာပါတယ်။

ဒါ့အပြင် တူချယ်ဟာ အီးလီးယော့အင်ဒါဆင်၊ ဒီဂျက်စပင့်နှင့် ရူဘင်လိုတပ်ဖ်ချက်ခ်တို့အား ဆက်လက် ရွေးချယ်လာပါတယ်။

ဆာကာဟာ တူချယ် အင်္ဂလန်နည်းပြသစ်ဖြစ်လာပြီးနောက်ပိုင်းတွင် အင်္ဂလန်အတွက် ၁ ပွဲတည်းသာ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

ဘယ်လင်ဂမ်မှာ ပုခုံးခွဲစိတ်ကုသမှု ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် ၁ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage