4 ပတ် - ဘာသာပြန်ပါ။

အားလပ်ရက်မှာကြည့်ဖို့ နတ်သမီးပုံပြင်အခြေခံကာတွန်းကားကောင်းလေး💙
Ri-se of the Guar-dians (2012) #fblink
=================
November 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်….
ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်…
တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်….
ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်း
ဆန်တာကလော့ တို့ အက်စတာဘန်နီ တို့ အပြင် အိပ်မက်ဖန်ဆင်းရှင် သဲလူသား နဲ့သွားနတ်သမီး တို့ ကို တွေ့ဆုံလိုက်ရပြီး
၎င်းတို့ နဲ့ အတူ ကလေးတွေ ရဲ့ ပျော်ရွှင်မှု ယုံကြည်မှု ကိုလိုက်လံ ဆောင်ရွတ်နေရင်း နဲ့ ကလေးတွေ ကို ညဘက် အိပ်မက်ဆိုးတွေ ပေးမက်နေတဲ့Dream Worker နတ်ဆိုး ရဲ့ ညစ်ပတ်လှတဲ့ လှည့်ကွက်တွေနဲ့ သူတို့ အဖွဲ့ တွေ့ကြုံလိုက်ရတဲ့အခါ....

Credit to owner

image