4 w - Translate

ကားလောကမှာ ဆရာကြီးဖြစ်ဖို့ Xiaomi အပြင်းအထန်ကြိုးစားနေတယ်
အခုလဲ CEO လေကျွင်းကိုယ်တိုင်က “ဒီနှစ်စပိုင်းမှာ Tesla Model Y (3) စီး ဝယ်ထားတယ် ၊ အစိတ်အပိုင်းတွေ တစ်ခုစီကို ဖြုတ်ပြီး သေချာကို လေ့လာနေတယ်” လို့ ပြောထားပါတယ်
“We bought 3 Model Ys at the start of this year, disassembling the parts one by one, and studied every component, one at a time” Lei Jun
လေကျွင်းကတော့ Model Y က တကယ်ကို ကောင်းတဲ့ ကားတစ်စီးလို့ မှတ်ချက် ပြုထားပါတယ်
ကျနော်တို့က Xiaomi ကိုကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ဖုန်းလောက က Company တစ်ခုက ကားလောကကို စဝင်တဲ့အချိန်မှာ သေချာလေး ကြိုးစားပြနေတာကိုကြည့်ရင် အတော်ကို သဘောကျဖိူ့ကောင်းပါတယ်
လက်ရှိမှာ SU7 နဲ့ YU7 ကားနှစ်စီးကို Xiaomi ထုတ်ထားပါတယ်
YU7 ကတော့ June လမှာစရောင်းတုန်းက ၂၄ နာရီတည်းနဲ့ 240,000 အမှာစာ ရရှိထားတာပါ SU7 တုန်းကလည်း အတော်လေးကို အောင်မြင်ခဲ့တဲ့ မှတ်တမ်းတွေလဲရှိပါတယ်
ကားလောကမှာက အခုလို အကြောင်းအရာတွေက ရှိစမြဲပါ ပြိုင်ဘက်ရဲ့ ကားတွေကို ဝယ်တယ် သေချာလေ့လာတယ် ပြီးတော့ပိုကောင်းအောင် ထုတ်ပြတယ် ဒါကို Reversed Engineering လုပ်တယ်ခေါ်တာပေါ့

image