အကောင်းမြင်စိတ်ရှိတဲ့သူက စိတ်ဖိစီးမှု ကင်းဝေးပါတယ်။ အကောင်းမြင်စိတ်က စိတ်နှလုံးကို အေးချမ်းစေပါတယ် ။ တစ်ဖက်လူက မကောင်းတာ လုပ်နေရင်လည်း သင်က အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင် သင့်စိတ်က ပူပန်မှုကင်းဝေးပါလိမ့်မယ် ။ အဆိုးမြင်တတ်တဲ့သူက တခြားသူတွေကို အမြဲတမ်း အဆိုးမြင်နေတဲ့အတွက် သူ့ရဲ့စိတ်က သူ့ကိုပူလောင်စေပါတယ် ။ တစ်ဖက်လူကို ဝေဖန်အပြစ်တင်တာ ၊ မကောင်းမြင်တာတွေက စိတ်ဖိစီးမှုကို ဖြစ်စေပါလိမ့်မယ် ။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းဝေးချင်ရင် အကောင်းမြင်စိတ်ထားပါ ။
စိတ်ဖိစီးမှုကင်းဝေးဖို့အတွက် သင့်ရဲ့အတွေးတွေကို ဂရု စိုက်ပါ ။ အတွေးတစ်ခုက ဆိုးတာဖြစ်စေ ၊ ကောင်းတာဖြစ်စေ အတွေးတိုင်းမှာ အကျိုးသက်ရောက်မှုရှိပါတယ် ။ သင်က ကောင်းတာတွေးရင် ကောင်းတာဖြစ်မယ် ။ ဆိုးတာတွေးရင် အဆိုးပဲရမယ် ။ သင့်ရဲ့အတွေးက သင့်ဘဝကို ပုံဖော်ပေးပါလိမ့်မယ် ။ အတွေးဆိုးတွေက သင့်ကို စိတ်ပူပန်စေပါတယ် ။ သင်က တစ်ခုခုဆိုရင် မကောင်းတဲ့ဘက်ကနေ တွေးတတ်တဲ့သူဆိုရင် သင် တွေးသလို ဖြစ်လာပါလိမ့်မယ် ။ ဒါကြောင့် အတွေးဆိုးအစား အတွေး ကောင်းကို တွေးပါ ။ စိတ်ဖိစီးမှုကင်းဝေးဖို့အတွက် အတွေးဆိုးတွေကို ရှင်းထုတ်ပါ ။
#အပြုသဘောစိတ်ထားဖြင့်ရှင်သန်ခြင်း

image