အမိုရမ် ထုတ်ပယ်ခံလာရပါက ယူနိုက်တက်နည်းပြရာထူးကို ရယူရန် ဆောက်ဂိတ် ဆန္ဒပြင်းပြနေ၊ လေးနှစ်ကြာ စီမံကိန်းဖြင့် ယူနိုက်တက်ကို ပြန်လည်တည်ဆောက်ခွင့်တောင်းမည်

အောက်တိုဘာ ၃

ဆာဂါရတ်ဆောက်ဂိတ်ဟာ ယူနိုက်တက်နည်းပြဖြစ်လာပါက အသင်းကို တည်ဆောက်ရေး လုံလောက်တဲ့ အချိန် မရရှိလာမှာ စိုးရိမ်နေပါတယ်။

ဆောက်ဂိတ်ဟာ လက်ရှိ ရုန်းကန်နေရတဲ့ နည်းပြရူဘင်အမိုရမ်နှင့် လမ်းခွဲလာပါက ယူနိုက်တက်နည်းပြရာထူးအတွက် ဆွေးနွေးရန် တံခါးဖွင့်ပေးထားပါတယ်။

ငယ်စဉ်ကတည်းက ယူနိုက်တက်ကို အားပေးလာခဲ့တဲ့ ဂါရတ်ဆောက်ဂိတ်ဟာ ယူနိုက်တက်အား ချန်ပီယံလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်လာဖို့ ၄ နှစ်ကြာ တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့်လည်း ဆောက်ဂိတ်ဟာ ယူနိုက်တက်နည်းပြရာထူးအား မရယူမီ ရေရှည်စီမံကိန်းဖြင့် Road Map စနစ်တကျချကာ တည်ဆောက်ခွင့်ပေးရေး တောင်းဆိုလာမှာလည်း ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူနိုက်တက်ဘက်က ချက်ချင်း အောင်မြင်မှု ရရှိရေး တောင်းဆိုလာမှုနှင့်အတူ ရေရှည်စီမံကိန်းအား လမ်းတစ်ဝက်တွင် အပြောင်းအလဲ ပြုလုပ်လာမှာ စိုးရိမ်နေတာပါ။

အသက် ၅၅ နှစ်ရှိ ဆောက်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အင်္ဂလန်နည်းပြရာထူးမှ နုတ်ထွက်လိုက်ပြီးနောက်ပိုင်းတွင် အသင်းလက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်ပြီး ဘောလုံးလောကသို့ အလျှင်စလို ပြန်ဝင်လိုခြင်း မရှိပါဘူး။

မစ်ဒယ်ဘရော့နှင့် အင်္ဂလန်နည်းပြဟောင်းဟာ ၂၀၂၄ ခုနှစ်တွင် ဆာဂျမ်ရက်ကလစ်ဖ်က ယူနိုက်တက်အား ပူးတွဲပိုင်ဆိုင်လာပြီးနောက် ယူနိုက်တက်နည်းပြရာထူးအတွက် အစဉ်တဆက် ရေပန်းစားလာခဲ့သူလည်း ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၀၉ ခုနှစ် မေလတုန်းက မစ်ဒယ်ဘရော့ တန်းဆင်းသွားရ့ပြီးနောက်ပိုင်းတွင် ပရီးမီးယားလိဂ်တွင် ကျင်လည်လာခဲ့ခြင်း မရှိပါဘူး။

သူဟာ အင်္ဂလန်ကို ကိုင်တွယ်စဉ်အတွင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သလို ယူရိုဗိုလ်လုပွဲသို့လည်း ၂ ကြိမ်ဆက် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image