◾️နေတိုးအဖွဲ့က စက္ကူကျားလားဟုထရန့်ကိုပူတင်ပြန်မေးခွန်းထုတ်
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရုရှားအား စက္ကူကျားဟု ပြောကြားခဲ့မှုအပေါ် နေတိုးအဖွဲ့ကသာ စက္ကူကျားဖြစ်လိမ့်မည်ဟု ရုရှားသမ္မတက ပြန်လည်တုံ့ပြန်ခဲ့ကာ အ ကယ်၍အမေရိကန်က တိုမာဟော့ခ် ဒုံးကျည်များကို ယူကရိန်းအားပေးအပ်ခဲ့ပါက စစ်ပွဲအား အန္တရာယ်ရှိအဆင့်သို့ မြှင့်တင်ခြင်းဖြစ်လိမ့်မည်ဟု သတိပေးလိုက်သည်။
“ စက္ကူကျားဟုတ်လား၊ နောက်တော့ ဘာဆက်ဖြစ်လဲ ၊ အဲဒီ စက္ကူကျားကို သွားပြီးကိုင်တွယ်လေ။” ဟု ပူတင်က ပြောကြားသည်။
ပင်လယ်နက်အပန်းဖြေစခန်း ဆိုချီမြို့တွင်ပြုလုပ်သည့် Valdai Discussion Group အစီအစဉ်၌ စကားပြောကြားရာတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ မျက်နှာစာ အားလုံးတွင် ရှေ့ဆက်နေကြောင်း နှင့် ယခုအခါ အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့တစ်ခုလုံးက ရုရှားအား တိုက်ခိုက်နေကြကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။
“ ကျွန်တော်တို့က နေတိုးအုပ်စု တစ်ခုလုံးနဲ့ တိုက်နေရတယ်ဆိုရင်၊ ကျွန်တော်တို့ ရှေ့ချီတက်နေတယ် ၊ ယုံကြည်မှုလည်းရှိတယ်။ ကျွန်တော်တို့က စက္ကူကျားပါ။ ဒါဆိုနေတိုးအဖွဲ့ ကိုယ်တိုင်ကရော ဘာလဲ” ဟု ရုရှားသမ္မတ ပူတင်က မေးခွန်းထုတ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် လူအသေအ ပျောက်အများဆုံးဖြစ်သည့် ယူကရိန်းစစ်ပွဲကြောင့် ၁၉၆၂ ခုနှစ် ကျူးဘားအကျပ်အတည်းနောက်ပိုင်းတွင် အနောက် တိုင်းနှင့် ရုရှားကြား အကြီးမားဆုံး ထိပ် တိုက် ရင်ဆိုင်မှုဖြစ်လာခဲ့ပြီး လက်ရှိအနောက်တိုင်းနှင့် ပဋိပက္ခသည် အေးစက်သောအဆင့် မဟုတ်ဘဲ ပူလောင်သော အဆင့်ဖြစ် ကြောင်းရုရှားအရာရှိများက ပြောကြားကြသည်။
မော်စကိုနှင့် ငြိမ်းချမ်းရေးရယူရန် ပိုင်နက်နယ်မြေများစွန့် လွှတ်သွားရလိမ့်မည်ဟု ယခင် က ပြောကြားခဲ့သော ထရန့်က ပြီးခဲ့သည့်သီတင်းပတ်ထဲတွင် လေသံပြောင်းသွားခဲ့ကာ ယူကရိန်းက ၎င်းတို့နယ်မြေအားလုံးကို ရုရှားထံမှ ပြန် လည်ရယူနိုင်ကြောင်း ပြောကြားပြီး မော်စကိုကိုလည်း စက္ကူကျားဟု ကင်ပွန်းတပ်ခဲ့သည်။
ယခုသီတင်းပတ်ထဲတွင်လည်း ထရန့်က အလားတူ ထပ်မံပြောကြားခဲ့သည်။
ရုရှားဒရုန်းများ နေတိုးဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ဥရောပ၏ ပြောကြားမှုများကိုလည်း ပူတင် က ထေ့ငေါ့ပြောခဲ့ကာဒိန်းမတ်နိုင်ငံထဲသို့ ထပ်မံ ကျူးကျော်ဝင်ရောက်ခြင်း လုပ်မည်မဟုတ်ကြောင်း နှင့် လစ္စ ဘွန်းမြို့အထိ ရောက်ရှိနိုင်သည့် ဒရုန်းများ ရုရှားတွင်မရှိကြောင်း ရွဲ့ပြောခဲ့သည်။
ပိုလန်သို့ ဒရုန်းများပို့ဆောင်ခြင်း ၊ အက်စတိုးနီးယားသို့ တိုက်လေယာဉ်များ စေလွှတ်ခြင်းဖြင့် ရုရှားက ဥရောပဝေဟင်ပိုင်နက်ကို ပြောင်တင်းစွာ ချိုးဖောက်နေကြောင်း ဥရောပအာဏာပိုင်းများက စွပ်စွဲပြောကြားသည်။
အမေရိကန်က ယူကရိန်းကို တိုမာဟော့ခ် တာဝေးပစ်ဒုံး ကျည်များ ပေးအပ်ခဲ့မည် ဆိုပါက ယင်းလုပ်ရပ်မှာ အရည် အသွေးပိုင်းအရ စစ်ပွဲကို လုံးဝအဆင့်သစ်တစ်ခုသို့ မြှင့်တင်ခြင်းဖြစ်နိုင်ကာ ယင်းတွင် ရုရှား နှင့်အမေရိကန်ကြား က ဆက်ဆံရေးလည်း ပါဝင်လိမ့်မည်ဟုပူတင်က အလေးအနက်ပြောကြားသည်။
ယူကရိန်းကို ထောက်လှမ်းရေးသတင်းများ၊ လက်နက်များ လေ့ကျင့်မှုများဖြင့် ထောက်ပံ့ပေးနေသော နေတိုးအဖွဲ့ဝင်နိုင်ငံများက ၎င်းတို့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ရန် ရုရှားက စီစဉ်ထားသည်ဟု ပြောကြားခြင်းမှာ စိတ်ခြောက်ခြားမှုဖြစ်ကာ မယုံနိုင်ဖြစ်ရကြောင်း လည်း ပူတင်က ပြောသည်။
“စစ်ရေးနယ်ပယ်မှာ ကျွန်တော်တိုကိုယှဉ်ပြိုင်ချင်တဲ့ ဆန္ဒရှိရင် လုပ်လိုက်စမ်းပါ ကြိုးစားကြည့်လိုက်ပါ လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ ရုရှားဘက်က တန်ပြန်မှုတွေကို ကြာကြာစောင့်ရမှာ မဟုတ်ပါဘူး။” ဟု ၎င်းက ဆက်ပြော သည်။
ထို့နောက်ယူကရိန်းစစ်တပ်တွင်လူသူအင်အားလိုအပ်ချက် ကြီးမားသော်လည်း ရုရှားစစ်တပ်တွင် တပ်ဖွဲ့ ဝင်အလုံအ လောက်ရှိနေကြောင်း နှင့် စစ်ပွဲအဆုံးသတ်ရန် ယူကရိန်းက ရုရှားနှင့် ဆွေးနွေး ညှိ နှိုင်းသင့်ကြောင်း ရုရှားသမ္မတ က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း