4 ပတ် - ဘာသာပြန်ပါ။

Samsung ရဲ့ စမတ်လက်စွပ်ကြောင့် လူတစ်ယောက် အရေးပေါ်ဆေးရုံတက်လိုက်ရ
Samsung ရဲ့ နောက်ဆုံးပေါ် နည်းပညာမြင့်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Galaxy Ring စမတ်လက်စွပ် ဟာ ဝတ်ဆင်သူအတွက် အန္တရာယ်ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။ သုံးစွဲသူတစ်ဦးဟာ သူ့ရဲ့လက်မှာ ဝတ်ဆင်ထားတဲ့ Galaxy Ring ဘက်ထရီ ရုတ်တရက်ဖောင်းကားလာတာကြောင့် လေယာဉ်ခရီးစဉ်ကိုဖျက်သိမ်းပြီး ဆေးရုံအရေးပေါ်ဌာနကို အပြေးအလွှားသွားခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ နည်းပညာဘလော့ဂါတစ်ဦးဖြစ်တဲ့ Zone of Tech က Daniel ဆိုသူကြုံတွေ့ခဲ့ရတာပါ။ သူက လေယာဉ်ပေါ်တက်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူ့လက်က Galaxy Ring က သိသိသာသာ ဖောင်းကားတင်းကျပ်လာတာကို သတိထားမိခဲ့ပါတယ်။ အခြေအနေက ထင်ထားတာထက် ပိုဆိုးသွားခဲ့တာကတော့ ဖောင်းကားနေတဲ့ လက်စွပ်ကို သူ့လက်ချောင်းကနေ ဘယ်လိုမှ ချွတ်လို့မရတော့ပါဘူး။
ဒါဟာ သာမန်လက်စွပ်တစ်ကွင်း ကျပ်နေတာနဲ့ လုံးဝမတူပါဘူး။ သာမန်လက်စွပ်ဆိုရင် ဖြတ်တောက်ဖယ်ရှားပစ်လို့ရပေမယ့် Galaxy Ring ရဲ့အတွင်းမှာ ဘက်ထရီပါဝင်တာကြောင့် ဖြတ်တောက်မိရင် မီးလောင်ပေါက်ကွဲနိုင်တဲ့ အန္တရာယ် ရှိနေခဲ့ပါတယ်။ ဒီအန္တရာယ်ကြောင့် Daniel တစ်ယောက် သူ့ရဲ့လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး လက်စွပ်ကို ဘေးကင်းကင်းချွတ်နိုင်မယ့်နည်းလမ်းရှာဖို့ ဆေးရုံအရေးပေါ်ဌာနဆီ ချက်ချင်းသွားရောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဆေးရုံမှာပဲ အန္တရာယ်ကင်းစွာ လက်စွပ်ကို ချွတ်နိုင်ခဲ့ပါတယ်။
Samsung အနေနဲ့ စမတ်လက်စွပ်ကို ဒီလိုအရေးပေါ်အခြေအနေမှာ လွယ်ကူစွာ ချွတ်နိုင်အောင် ပြုလုပ်ပေးထားသင့်တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။

image