၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်လာတော့မယ့် အီတလီဂန္ထဝင်ကန်နဗာရိုး
အောက်တိုဘာ ၃
အီတလီဂန္ထဝင်နောက်ခံလူဖေဘီယိုကန်နဗာရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်လာတော့မှာ ဖြစ်ပါတယ်။
Ballon d'Or ဆုရ ဂျူဗင်တပ်နှင့် ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒိုင်နမိုဇာဂရက်နှင့် လမ်းခွဲလိုက်ပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါမှာတော့ ကန်နဗာရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အာရှအသင်း ဥဇဘက်ကစ္စတန်ကို ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာတော့မှာလည်း ဖြစ်ပါတယ်။
ကန်နဗာရိုးဟာ အာရှဘောလုံးလောကတွင် ကလပ်နှင့် နိုင်ငံအသင်းများအား ၇ နှစ်ကြာ ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
သူဟာ တရုတ်စူပါလိဂ်ကလပ် Guangzhou Evergrande ကို ၂ ကြိမ်ကိုင်တွယ်စဉ်အတွင်း ၅ ရာသီကိုင်တွယ်ခဲ့သလို ဆော်ဒီကလပ် Al Nassr ကိုလည်း ကိုင်တွယ်ဖူးကာ တရုတ်လက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ဖူးပါတယ်။
ကန်နဗာရိုးဟာ ၂၀၂၂ ခုနှစ်တွင် ဥရောပသို့ ပြန်လာခဲ့ပြီး ဘီနီဗန်တို၊ အူဒီးနီးစ်နှင့် ဒိုင်နမိုဇာဂရက်တို့အား ကိုင်တွယ်ခဲ့ပါတယ်။
သူဟာ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အား ၅ လကိုင်တွယ်စဉ်အတွင်း ၁၄ ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၅၄ နေရာမှာ ရပ်တည်နေတဲ့ ဥဇဘက်ကစ္စတန်ဟာ ဇွန်လတုန်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကန်နဗားရိုးဟာ သမိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘက်ကစ္စတန်အား မြောက်အမေရိကတွင် ကျင်းပလာမယ့် ကမ္ဘာ့ဖလားမှာ ဦးဆောင်လာတော့မှာလည်း ဖြစ်ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ