ဘူဖေးခင်းထားတဲ့ Korea Food တွေ အကုန်စား
၃နာရီအတွင်း ဘာစားစား ၁ယောက် ၁သောင်းကျပ်တဲ့..🔥
အခုလို ကိုရီးယားစာတွေကို ၁ပွဲ ၁သောင်းလောက် ပေးနေရချိန် ဒီဆိုင်ကတော့ ကိုရီးယားစာ ၁၀ မျိုးကျော်ကို အဝစား ၁သောင်းနဲ့ ဘူဖေးခင်းပေးထားတာ။
ကြိုက်သလောက်စား… အဝစား… အချိန်ကလည်း နေ့လည်ပိုင်းကို ၃နာရီ လုံလုံလောက်လောက်ပေးထားတာ။🤭
ဘူဖေးက တရက်နဲ့တရက် ခင်းတာမတူဘူး။ ကိုယ်တွေသွားစားတဲ့နေ့ကဆို -
Korean Spicy Pork Belly ဝက်စပ်ကင်
ဝက်သုံးထပ်သားပေါင်း
Pork Kimchi stir-fry
ကိုရီးယားထမင်းသုပ်
ကိုရီးယားပဲကြာဆံပေါင်း
Korean Kimchi Stew
အသားထူထူ fish cakeချောင်းကြီးတွေ
တော့ပိုကီ
ကြက်ဥလိပ်/ ကြက်သားပြားကြော်
Salad ၃မျိုး ပါတယ်။
ဒီ ဟင်းပွဲတမျိုးစီတိုင်းကို အရသာထိထိမိမိနဲ့ သေချာလေး လုပ်ပေးထားတာ တွေ့ရတယ်။
၁ သောင်းအပြင် နောက်ထပ် ၉၅၀၀ ထပ်ပေးရင် Korea BBQ ဘူဖေးကိုပါ အဝထပ်စားလို့ရတယ်။
ဒါကတော့ လုံးဝ ဝက်ခရေဇီတွေအတွက်။ 🥓
BBQ Buffet မှာက ဝက်ဂုတ်သား နဲ့ ဝက်သုံးထပ်သား သီးသန့်ပဲရတာ။ တခြားဆိုင်တွေမှာ မျက်နှာပူအောင်တောင်းရတဲ့နှမ်းရွက်ကို ဒီမှာတော့ free flow ချပေးထားတာပဲ။
ဘူဖေးခင်းတဲ့အချိန်ကလည်း ၂ချိန်တည်း။‼️
နေ့လည် ၁၁:၄၀ နာရီကနေ ၂:၃၀ နာရီ အထိဆို
Korea Food menu သီးသန့် ၁၀၀၀၀ ကျပ်
Korea BBQ Buffet ပါရင် ၁၉၅၀၀ ကျပ်
ညနေ ၄:၄၀ နာရီကနေ ၈:၃၀ နာရီ အထိဆိုရင်တော့ ၁၉၅၀၀ ကျပ်
ဆိုင်ရှင် ကိုရီးယားကြီး ကိုယ်တိုင်ဖွင့်ထားတော့ management ပိုင်းနည်းနည်းလိုတာရယ်၊ ဝန်ထမ်းလေးတွေ လည်လည်ဝယ်ဝယ် သိပ်မရှိတာကတော့ ဆိုင်ရဲ့ အားနည်းချက်ပေါ့။
ဒါပေမယ့် ဒီလို ကိုရီးယားအရသာကို ဒီလို စျေးတန်တန်နဲ့ စားရတာက အမြတ်ပဲ။
မသိသူကျော်သွား သိသူဖော်စား ဆိုသလို ကိုယ်တွေကတော့ လူရှင်းတဲ့အချိန် ရှယ်တန်တုန်း ၂ခါလောက် သွားစားပြီးမှ ရီဗျူးလေး လာရေးပေးတာ။🤭
လူအရမ်းများတဲ့အချိန် service မနိုင်၊ refill မနိုင်တော့မှာလည်းစိုးလို့။ (သူတို့ကတော့ kitchen ထဲ stock အပြည့်ထည့်ထားပေးတယ်ပြောတယ်)
သွားမယ်ဆို ဖုန်းလေးအရင်ဆက် Reserved လေးလုပ်ပြီးတော့မှ သွားကြနော်။
ဆိုင်နာမည်က The Sharp Korean BBQ restaurant
🕥 ဆိုင်ဖွင့်ချိန် : 10:30 AM - 8:30 PM
☎️ ဖုန်း : 09 799837546
🏠 အမှတ် ၄၆၃၊ သစ္စာလမ်း၊ ၃ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။ (ဗဟိုစျေးမှတ်တိုင်ရှေ့)


+4

