4 w - Translate

ဒေါက်တာ အမန်ဒါဟက်စ် (Dr. Amanda Hess) ဟာ အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ် (Kentucky) မှာရှိတဲ့ Frankfort Regional Medical Center ဆေးရုံမှာ သားဖွားမီးယပ် အထူးကုဆရာဝန်တစ်ဦး ဖြစ်ပါတယ် ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ သူမဟာ ဒုတိယမြောက်ရင်သွေးကို မွေးဖွားဖို့အတွက် ဆေးရုံတက်ရောက်နေခဲ့ပါတယ်
ဒေါက်တာဟက်စ်ဟာ သူမ မီးဖွားဖို့အတွက် ပြင်ဆင်နေပြီး ဆေးရုံလူနာဝတ်စုံကို ဝတ်ဆင်ထားပါတယ် အဲ့ဒီအချိန် ဆေးရုံမှာ တခြားမီးဖွားတော့မဲ့ အမျိုးသမီးလူနာတစ်ဦးရဲ့ ကလေးဟာ နှလုံးခုန်နှုန်းအန္တရာယ်ရှိတဲ့အဆင့်ရှိနေတဲ့အတွက်ချက်ချင်း မွေးထုတ်ဖို့ လိုအပ်နေတယ်ဆိုတာကို သူနာပြုတွေပြောစကားကနေ သူမဟာ ကြားခဲ့ရပါတယ် တာဝန်ကျ ဆရာဝန်ကလည်း ဆေးရုံမှာ မရှိသေးတဲ့ အချိန်ဖြစ်နေပါတယ်
ဒါကြောင့် ကလေးရဲ့ အသက်အန္တရာယ်ကို သိလိုက်ရတဲ့ ဒေါက်တာဟက်စ်ဟာ သူမကိုယ်တိုင် မီးဖွားခါနီးအချိန်ဖြစ်ပေမယ့် တစ်စက္ကန့်လေးတောင် မဆိုင်းဘဲ သူမကိုယ်တိုင်မွေးဖွားပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်
သူမဟာ ဝတ်ဆင်ထားတဲ့ လူနာဝတ်စုံအပေါ်ကနေ နောက်ထပ် ခွဲစိတ်ဝတ်စုံအပြည့်အစုံ ဝတ်ဆင်ပြီး ကလေးမွေးဖွားခန်းကို ဝင်သွားခဲ့ပါတယ် အဲ့လိုနဲ့ ဒေါက်တာဟက်စ်ဟာ သူမကိုယ်တိုင်မီးဖွားတော့မဲ့ ဆဲဆဲမှာ ဆရာဝန်တစ်ယောက်ရဲ့ ဝတ္တရားအရ ကျန်းမာသန်စွမ်းတဲ့ သမီးလေးတစ်ဦးကို မွေးဖွားပေးခဲ့ပါတယ်
လူနာရဲ့ကလေးကို မွေးဖွားပေးပြီးနောက် တာဝန်ကျ ဆရာဝန်လည်း ရောက်ရှိလာတဲ့အတွက် ကျန်တာဝန်များကို လွှဲပြောင်းပေးခဲ့ပြီး ဒေါက်တာဟက်စ်ဟာ သူမရဲ့ အခန်းကို ပြန်သွားခဲ့ပါတယ် သူမဟာ လူနာရဲ့ကလေးကို မွေးဖွားပေးပြီး ၁၂ နာရီခန့် အကြာမှာ သမီးလေးတစ်ဦးကို အောင်မြင်စွာဖွားမြင်နိုင်ခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ ဒေါက်တာဟက်စ်ရဲ့ စေတနာ နဲ့ ကျင့်ဝတ်သိက္ခာကို ပြသခဲ့ပါတယ် သူမဟာ သူမရဲ့ကိုယ်ရေးကိုယ်တာ အရေးကိစ္စထက်လူနာရဲ့ အသက်ကို ဦးစားပေးခဲ့တဲ့ စစ်မှန်တဲ့ ဆရာဝန်စိတ်ဓာတ်ကို ဖော်ပြခဲ့ပြီး အဲ့ဒီအချိန်မှစ ကမ္ဘာတစ်ဝှမ်းမှာလေးစားချီးကျူးခံရတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image