4 w - Translate

မော်လမြိုင် အမေရိကန်ဆေးရုံတွင် မွေးဖွားခဲ့သည့် သုံးမွှာပူးကလေးငယ်နှင့် မိခင်ကျန်းမာလျက်ရှိ
မော်လမြိုင်မြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံ (အမေရိကန်ဆေးရုံ) တွင် သားယောင်္ကျားလေး (၃)မွှာပူး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးငယ်များ ကျန်းမာလျက်ရှိကြောင်း အဆိုပါ ဆေးရုံကြီထံမှ သိရသည်။
မိဘများမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံများဖြစ်ပြီးလက်ရှိတွင် ကလေးငယ်များအား မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိထားကြောင်းသိရသည်။
အဆိုပါ သုံးမွှာပူးကလေးငယ်များကို စက်တင်ဘာ (၃၀)ရ က်က မွေးဖွားခဲ့ခြင်းဖြစ်ကာ ယနေ့ဆိုလျှင် (၄)ရက်သား ရှိပြီဖြစ်ကြောင်း သိရသည်။
ကလေးများနှင့် မိခင်ကို ဆေးရုံစီမံခန့်ခွဲမှု‌ကော်မတီဝင်များက လိုအပ်သော ပစ္စည်းများထောက်ပံ့ပေးထားပြီး မွေးစာ ရင်းကို တစ်ပါတည်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

image