iPhone Fold သတင်းနဲ့အတူ Samsung တို့ပွပေါက်တိုးလေဦးမလားပဲ
အခုလက်တလော Samsung Display ဘက်ကနေသတင်းထုတ်ပြန်ချက်အရ American Company ကြီးတစ်ခု အတွက် Foldable OLED Display တွေကို Mass Production အလုံးအရင်းနဲ့ ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ် Samsung Display ရဲ့ President ကိုယ်တိုင်က အတည်ပြုထားတာပါ
Major American Company လို့ပြောတော့ အားလုံးက ထင်ကြေးပေးနေကြတာ ဘယ်သူဖြစ်မယ်ထင်ပါသလဲ?
Apple ပါပဲ
ဆိုတော့ Apple အတွက် ဟုတ်မလား ၊ မဟုတ်မလားကတော့ ဘယ်သူကမှ အတည်မပြုထားပါဘူး North America Company လို့ပဲပြောထားသလို America မှာ တခြား ဖုန်း Company တွေလည်းရှိတာကိုးဗျ Google လဲဖြစ်နိုင်တာပဲလေ
သို့သော် Apple ရဲ့ iPhone တွေမှာ အရင်ကလည်း Samsung Display တွေသုံးဖူးတဲ့ သာဓက တွေကရှိတယ်
iPhone X တုန်းကဆိုရင် Samsung က $22 Billion ကျော်လောက် ရခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်
iPhone X ရဲ့ ပင်မ Display Supplier က Samsung ဖြစ်ပြီး Display တစ်ချပ်ကို $100 ကျော်အထိ ကျသင့်တာဖြစ်ပါတယ်
အခု ခေါက်လို့ရတဲ့ iPhone သတင်းမှာလည်း Samsung Display သာသုံးမယ်ဆိုရင် Samsung တို့ကတော့ အေးဆေးပဲဖြစ်နေဦးမှာပါပဲ 😁