သူတစ်ပါးကို အဆင်ပြေစေချင်တဲ့စိတ်နဲ့ ကူညီတဲ့သူ ၊ စိတ်ရင်းတင်မကဘဲ အပြောအဆိုပါ ကောင်းမွန်သူ ၊ စစ်မှန်ရိုးသားသူ တို့မှာ အကြည်ဓာတ်က ပေါက်ဖွားပါတယ် ။ ကိုယ်က အကြည်ဓာတ်လေးဖြစ်ချင်လို့ဆိုပြီး ဇွတ်ဖြူစင်တဲ့သူလို ဟန်ဆောင်လို့လည်း မရပါဘူး ။ အတွင်းစိတ်က ရုပ်မှာ ပေါ်တာကြောင့် အကြည်ဓာတ်နဲ့က ကွဲပြားပါတယ် ။
သူကိုယ်တိုင်ရဲ့ ရိုးသားခြင်း ၊ ဖော်ရွေခြင်း ၊ စစ်မှန်ခြင်းကသာ အကြည်ဓာတ် ရစေပြီး လူချစ်လူခင်ပေါရတာ ဖြစ်တယ် ။ ဒေါသစိတ်ဟာ အကြည်ဓာတ်ကို ပျက်စီးစေတတ်တဲ့ အရာဖြစ်တယ် ။ စိတ်ထဲ ဒေါသ ဝင်လာပြီဆိုရင် ဘယ်အရာမှ အကောင်းမမြင်တော့ဘူး ။ ကိုယ့်ဆီက ထွက်နေတဲ့ Negative frequency တွေဟာ ဘေးကိုလည်း ဖြန့်ကြက်သွားစေတာကြောင့် လူတွေက ကိုယ့်ကို မြင်ရတာ
မအေးချမ်းတော့ဘူး ။
ဒါကြောင့် ဒေါသကြီးရင် ရုပ်ဆိုးတတ်တယ်လို့ ပြောကြတာဖြစ်တယ် ။ အဘက်ဘက်ကနေ စိတ်ထားကောင်းတဲ့သူ မဟုတ်ရင်တောင် သူများအပေါ် ကောက်ကျစ်ယုတ်မာခြင်းကင်းတဲ့ စိတ်ကောင်းထားတတ်သူဖြစ်မှသာ အကြည်ဓာတ်ရနိုင်မှာဖြစ်တယ် ။ ဒါကြောင့် စိတ်ကောင်းထားဖို့ လိုပါတယ် ။
#ကြည်လင်ခြင်းရဲ့နေ့စွဲများ #tharhtwe

image