အော်ဒိုဗစ်ရှန်း ခေတ် (Ordovician Period) :
လွန်ခဲ့သော ၄၈၅.၄ - ၄၄၃.၈ သန်းနှစ်ခန့် ကာလ
ပတ်ဝန်းကျင် -
ပျမ်းမျှအပူချိန် : ၁၆ °C
လေထုထဲရှိ အောက်ဆီဂျင်ပါဝင်မှု : ၁၃.၅%
အော်ဒိုဗစ်ရှန်ကာလဟာ ပယ်လီယိုဇိုးအစ်ခေတ်ကြီး (Paleozoic Era) ရဲ့ ကာလ(၆)ခုထဲက ဒုတိယမြောက်ကာလကြီးပဲ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ရှေးဟောင်းပင်လယ်တွေဟာ အများအားဖြင့် ခြောက်သွေ့နေတဲ့ လော်ရန်ရှား (Laurentia)၊ ဘောလ်တီကာ (Baltica)၊ ဆိုက်ဘေးရီးယား (Siberia) နဲ့ ဂွန်ဒွာနာ (Gondwana) ဆိုတဲ့ မဟာတိုက်ကြီးတွေအဖြစ် ခွဲခြားလိုက်ပါတယ်။
အော်ဒိုဗစ်ရှန်ခေတ်မှာ ပင်လယ်သတ္တဝါတွေ အကြီးအကျယ် မျိုးကွဲလာတာကို တွေ့ခဲ့ရပြီး အစောပိုင်း သန္တာကောင်တွေ၊ စဖလိုပေါ့ (cephalopods) တွေနဲ့ ပထမဆုံး မေးရိုးမဲ့ငါးတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ ဒါပေမယ့် ဒီခေတ်ဟာ ကမ္ဘာ့သမိုင်းမှာ အပြင်းထန်ဆုံး ရေခဲခေတ်တစ်ခုနဲ့ အဆုံးသတ်ခဲ့ရပြီး ဒုတိယအကြီးဆုံး မျိုးသုဉ်းမှုကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီမျိုးသုဉ်းမှုကြောင့် ပင်လယ်သတ္တဝါမျိုးစိတ် ၈၅% လောက် ပျက်စီးခဲ့ရပါတယ်။ ရေခဲလွှာတွေဟာ ဂွန်ဒွာနာရဲ့ တောင်ပိုင်းဒေသ အများအပြားကို ဖုံးအုပ်ထားပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်နဲ့ ရာသီဥတုကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပါတယ်။
✴အော်ဒိုဗစ်ရှန်း ရောင်ခြည်ဖြာထွက်မှု (Ordovician Radiation)
အော်ဒိုဗီရှန်းခေတ်ဟာ အော်ဒိုဗစ်ရှန်း ဇီဝမျိုးစုံမျိုးကွဲ ပေါများလာတဲ့ဖြစ်ရပ်ကြီး (Great Ordovician Biodiversification Event-GOBE) ကြောင့် ထူးခြားတဲ့ခေတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ လျင်မြန်တဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ပေါ်ထွက်လာစေခဲ့ပြီး၊ ကမ်ဘရီယန်ခေတ်(Cambrian period)ရဲ့ ထူးခြားတဲ့ သတ္တဝါမျိုးစိတ်တွေကို ပယ်လက်ဂျစ် (pelagic - ပင်လယ်ကြမ်းပြင်နဲ့ ကမ်းစပ်အနီးတစ်ဝိုက်မှာ မနေဘဲ ပင်လယ်ရေပြင်ထဲမှာ လွတ်လပ်စွာ နေထိုင်ကျက်စားကြတဲ့ သတ္တဝါ)တွေနဲ့ ရေထဲက အစာတွေကို စုပ်ယူစားသောက်တဲ့ သတ္တဝါတွေပေါများတဲ့ ပယ်လီယိုဇိုးအစ်(Paleozoic)သတ္တဝါမျိုးစိတ်တွေနဲ့ အစားထိုးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကမ်ဘရီယမ်-အော်ဒိုဗစ်ရှန်း မျိုးသုဉ်းမှုနောက်ပိုင်းမှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ပင်လယ်ရေထဲမှာ အောက်ဆီဂျင် ရုတ်တရက် လျော့နည်းသွားမှုနဲ့ ရေခဲခေတ် ရုတ်တရက် ဖြစ်ပေါ်လာမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။
အော်ဒိုဗစ်ရှန်း ရောင်ခြည်ဖြာထွက်မှုရဲ့ အဓိကအကြောင်းအရင်းကတော့ ပထဝီအနေအထားမှာ အကြီးအကျယ် ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုကြောင့် တိုက်ကြီးတွေဟာ သီးခြား ပင်လယ်နယ်မြေတွေအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး ဒေသအလိုက် ဇီဝမျိုးစုံမျိုးကွဲတွေ ပေါက်ပွားလာစေခဲ့ပါတယ်။ ပြင်းထန်တဲ့ တောင်တည်ဆောက်မှုဖြစ်စဉ်များ (mountain-building event) နဲ့ မြေဆီလွှာတိုက်စားမှုတွေ ပိုများလာတာဟာလည်း ပင်လယ်ထဲကို အာဟာရဓာတ်တွေ အများအပြား ဝင်ရောက်လာစေပြီး ဂေဟစနစ်ရဲ့ ထုတ်လုပ်နိုင်စွမ်းကို ပိုမိုမြင့်မားလာစေခဲ့ပါတယ်။
ကမ်ဘရီယမ် ပေါက်ကွဲမှု (Cambrian Explosion) ဟာ ခေတ်သစ် တိရစ္ဆာန်မျိုးစိတ်အများစုကို ထူထောင်ရာမှာ အရေးပါခဲ့ပေမယ့် GOBE ကိုတော့ ဒီမျိုးစိတ်တွေကို ခေတ်သစ် အတန်းအစားတွေနဲ့ အဆင့်နိမ့် မျိုးခွဲတွေအဖြစ် မျိုးဗီဇကွဲပြားစေပြီး နှစ်သန်းပေါင်းများစွာ တည်ရှိမယ့် ပင်လယ်ဂေဟစနစ်တွေကို သိသိသာသာ ပုံဖော်ပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။
✴(သက်ရှိဘဝ)
အော်ဒိုဗစ်ရှန်းခေတ်(Ordovician) ကာလအတွင်းမှာ ပင်လယ်ဇီဝမျိုးစုံမျိုးကွဲတွေ ပေါများလာပြီး သက်ရှိတွေ ဆက်လက်ရှင်သန်ပေါက်ဖွားခဲ့ပါတယ်။ ပထမဆုံးသော သန္တာကျောက်တန်းတွေ၊ ထရိုင်လိုဘိုက်တ် (trilobites)၊ ဘရာချီယိုပေါ့ (brachiopods)၊ မော်လပ်စ် (mollusks) တွေနဲ့ ပထမဆုံး မေးရိုးမဲ့ ငါးတွေဖြစ်တဲ့ ကျောရိုးရှိသတ္တဝါအစစ်တွေ ပေါ်ထွန်းလာပါတယ်။
ဒါပေမဲ့ အဲဒီခေတ်ဟာ စီလူရီယန်းခေတ်(Silurian Period)ရဲ့ အစမှာ ပြင်းထန်တဲ့ မျိုးသုဉ်းမှုကြီးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီမျိုးသုဉ်းမှုရဲ့ အဓိကအကြောင်းအရင်းကတော့ ကမ္ဘာကြီးရဲ့ အအေးလွန်ကဲမှု၊ ရေခဲခေတ်ဖြစ်ပေါ်မှုနဲ့ ဆက်စပ်ပြီး ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုးသုဉ်းမှုတွေ ရှိခဲ့ပေမဲ့ အော်ဒိုဗီရှန်ခေတ်မှာ ပေါ်ထွန်းပြီး ရှင်သန်ခဲ့တဲ့ သတ္တဝါတွေဟာ ပါလီယိုဇိုးအစ်ခေတ်ကြီး(Paleozoic Era)ရဲ့ ကျန်ရှိတဲ့ ကာလတစ်လျှောက်လုံးအတွက် ပင်လယ်ဂေဟစနစ်တွေရဲ့ အခြေခံအုတ်မြစ်ကို ချပေးခဲ့ပါတယ်။




